Print

သင့်ဘဝအတွက် မှီဝဲသင့်သည့် Vitamins (၃)

  25-Feb-2017
Preview Image

(က) ခြေမျက်စိရောင်ရမ်းခြင်း

ဖြစ်နိုင်သည့်ပြဿနာ - ပိုတက်စီယမ်ချို့တဲ့ခြင်း
သတ်မှတ်ထားတဲ့ နေ့စဉ်စံပမာဏ - ၃၅၀၀ မီလီဂရမ် ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်ရဲ့ရေဓာတ်ညီညွတ်မျှတမှုကို ထိန်းချုပ်ဖို့ ကူညီနိုင်ပါတယ်။ ပိုတက်စီယမ်ကို စားသုံးမှု နည်းပါးတာနဲ့အတူ ဆားပါဝင်တဲ့ အစာတွေစားတာ များလွန်းရင် ခန္ဓာကိုယ် အတွင်းရေဓာတ်တွေ ပိုလျှံလာတဲ့အတွက် သွေးဖိအားမြင့်တက် (သွေးတိုး) နိုင်ပါတယ်။ အမျိုးသမီးအားလုံးရဲ့ လေးပုံတစ်ပုံနဲ့ အသက် ၆၅ နှစ်ကျော်သူတွေရဲ့ ၁၆ ရာခိုင်နှုန်းဟာ သူတို့စားသုံးတဲ့ အစာတွေကြောင့် ပိုတက်စီယမ် ချို့တဲ့နေကြတယ်လို့ သိရပါတယ်။

 

စားသင့်သည့်အစားအစာများ
ငှက်ပျောသီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကို နေ့စဉ်စားပေးပါ။ ငှက်ပျော်သီးမှာ အထူးသဖြင့် ပိုတက်စီယမ် များစွာပါဝင်ပါသည်။

 

(ခ) တစ်ကိုယ်လုံးကိုက်ခဲခြင်း

ဖြစ်နိုင်သည့် ပြဿနာများ - ဗီတာမင် D ချို့တဲ့ခြင်း
သတ်မှတ်ထားသည့် နေ့စဉ်ပမာဏ - ဗီတာမင် D ၅ မိုက်ခရိုဂရမ် အရိုးအားနည်းနေတာဟာ ဗီတာမင် D နှစ်ရှည်လများ ချို့တဲ့နေတဲ့ လက္ခဏာပေါ့။ ဒါပေမယ့်တစ်ကိုယ် လုံးကိုက်ခဲတာ၊ အားနည်းတာနဲ့ မောပန်းနာဟာ ဗီတာမင် D အနည်းငယ်ချို့တဲ့တာကို ညွှန်ပြနေပါတယ်။ တကယ်လို့ လူနာတစ်ယောက်ဟာ မကြာခဏ အရိုးကြွက်သားပြဿနာတွေ (ဥပမာ - ခြေဖဝါးနာတာ၊ ခြေထောက်၊ ခါးနောက်ကျော၊ တင်ပါးဆုံနဲ့ ဒူးခေါင်းကျဉ်တာ) ဖြစ်နေရင် ဗီတာမင် D ချို့တဲ့တာကို သံသယဝင်သင့်ပါတယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ ဗီတာမင် D ဟာ အရိုးနဲ့ကြွက်သား တည်ဆောက်ဖို့ အရေးကြီးတဲ့ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ် သတ္တုဓာတ်တွေကို ထိန်းချုပ်ပေးပါတယ်။ ဗီတာမင် D ဟာ အရိုးသန်မာစေတဲ့အပြင် ခုခံအားစနစ် အတွက်လည်း အရေးကြီးပြီး ကင်ဆာရောဂါလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

 

စားသင့်သည့်အစားအစာ
အဆီများသောငါး ဆယ်လမွန်၊ ငါးသေတ္တာ ဒါမှမဟုတ် အဆီများတဲ့ ငါးတွေကို တစ်ပတ် နှစ်ကြိမ်စားပေးပါ။ နေရောင်ကာလိမ်းဆေး မလိမ်းဘဲ နေ့စဉ် မနက် ၁၀ နာရီ မတိုင်ခင် နေရောင်ခြည်နုနုနဲ့ ၂၀ ခန့် ထိတွေ့ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, August 2013, No.253, pg. 22



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18