Print

သင့်ဘဝအတွက် မှီဝဲသင့်သည့် Vitamins (၂)

  25-Feb-2017
Preview Image

(က) စိတ်မကြည်မလင်ဖြစ်ခြင်း
ဖြစ်နိုင်သည့်ပြဿနာ - သံဓာတ်ချို့တဲ့ခြင်း
သတ်မှတ်ထားသည့် နေ့စဉ်စံပမာဏ
• အမျိုးသား - ၈.၇ မီလီဂရမ်
• အမျိုးသမီး - ၁၄.၈ မီလီဂရမ်

 

အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်တာ၊ ခေါင်းမူးတာနဲ့ ဇွန်းပုံသဏ္ဍာန် လက်သည်းတွေ ရှိတာဟာ သံဓာတ်ချို့တဲ့တဲ့ လက္ခဏာပါ။ အမြဲတမ်းမောပန်းနေပြီး အာရုံစူးစိုက်မှု မရှိတာဟာလည်း သံဓာတ်ချို့တဲ့တာရဲ့ အဖြစ်များတဲ့ စောစောစီးစီး လက္ခဏာပါ။ သံဓာတ်ချို့တဲ့ရင် ဦးနှောက်အတွင်း အောက်ဆီဂျင်ရရှိမှု နည်းသွားတာကြောင့်ပါ။ သံဓာတ်ဟာ သွေးနီဥရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး သူဟာ အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့သို့ ပို့ဆောင်ပေးပါတယ်။ ဆယ်ကျော်သက်အရွယ် အမျိုးသမီး ၃၀ ရာခိုင်နှုန်းနဲ့ အမျိုးသား ၁၇ ရာခိုင်နှုန်းဟာ သံဓာတ်ချို့တဲ့နေကြပြီး ဓမ္မတာ အလာများသူတွေမှာ သံဓာတ်ချို့တဲ့နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

 

စားသင့်သော အစားအစာ
အနီရောင်အသား၊ အခွံမာသီးနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ အမဲသား၊ ကြက်ဥနဲ့ ငါးသေတ္တာလိုမျိုး တိရိစ္ဆာန်မှရရှိတဲ့ သံဓာတ်ဟာ ခန္ဓာကိုယ်မှ စုပ်ယူနိုင် စွမ်းအကောင်းဆုံးပါ။ အခွံမာသီး၊ ပဲအမျိုးမျိုး အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ အားဖြည့်ထားတဲ့ ကွေကာတွေဟာလည်း လိမ္မော်ရည်လိုမျိုး ဗီတာမင် C ပါဝင်တဲ့ အစာတွေနဲ့ တွဲစားရင် ခန္ဓာကိုယ်မှ စုပ်ယူမှု ပိုကောင်းမွန်စေနိုင်ပါတယ်။ သံဓာတ် အလွန်ချို့တဲ့မှသာ သံဓာတ်အားဖြည့်ဆေးကို မှီဝဲပါ။

 

(ခ) ရင်ပူခြင်း၊ ပျို့ခြင်း
ဖြစ်နိုင်သည့်ပြဿနာ - ဗီတာမင် A ချို့တဲ့ခြင်း
သတ်မှတ်ထားသည့် နေ့စဉ်စံပမာဏ
• အမျိုးသား - ၀.၇ မီလီဂရမ်၊
• အမျိုးသမီး - ၀.၆ မီလီဂရမ်

 

ဆယ်ကျော်သက်အရွယ် အမျိုးသား၊ အမျိုးသမီးရှစ်ယောက်မှာ တစ်ယောက်နှုန်းနဲ့ အမျိုးသား ၁ဝရာခိုင်နှုန်းဟာ ဗီတာမင် A ပါဝင်တဲ့အစာကို အနည်းငယ်သာ စားသုံး တတ်တာမို့ ဗီတာမင် A ချို့တဲ့နိုင်ခြေ များတယ်လို့ အမျိုးသားအာဟာရဆိုင်ရာ အဖွဲ့ရဲ့ လေ့လာမှုအရ သိရပါတယ်။ အမျိုးသမီးတွေ ၆ ရာခိုင်နှုန်းမှာသာ ဗီတာမင် A ချို့တဲ့တာဟာ အမျိုးသမီးတွေအနေနဲ့ ဗီတာမင် A ပါဝင်တဲ့ မုန်လာဥနီနဲ့ ဟင်းသီးဟင်း ရွက်တွေ စားသုံးတတ်တာကြောင့်လို့ ဆိုပါတယ်။ ဗီတာမင် A ချို့တဲ့တာကြောင့်ရောဂါပိုးကို တွန်းလှန်နိုင်စွမ်း လျော့နည်းသွားတယ်။ ဗီတာမင် A ဟာ အမြှေးပါး ထုတ်လုပ်မှုအတွက် လိုအပ်ပါတယ်။ အမြှေးပါးခံနေတာက ရောဂါပိုးတွေဟာ အသက်ရှူလမ်းကြောင်းနဲ့ အူလမ်းကြောင်းအတွင်း ဝင်ရောက်ဖို့အတွက် အကာအကွယ်ပေးထားသလို ဖြစ်သွားပါတယ်။ 

 

စားသင့်သည့် အစားအစာ
မုန်လာဥနီတစ်လုံးကို နေ့စဉ် စားပေးပါ။ ဒါမှမဟုတ် အဲဒီဟင်းကို တစ်ပတ်နှစ်ကြိမ် စားပေးပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ အသည်းမစားသင့်ပါဘူး။ အသည်းမှာ ဗီတာမင် A များစွာ ပါဝင်တဲ့အတွက် သန္ဓေသားကို ထိခိုက်နိုင်လို့ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, August 2013, No.253, pg. 22



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18