Print

သင့်ဘဝအတွက် မှီဝဲသင့်သည့် Vitamins (၁)

  25-Feb-2017
Preview Image

(က) လျှာမှာ အရာသာမရှိခြင်း
ဖြစ်နိုင်သည့်ပြဿနာ - သွပ်ဓာတ်ချို့တဲ့ခြင်း

သတ်မှတ်ထားသည့် နေ့စဉ်စံပမာဏ
• အမျိုးသား - ၅.၅ မှ ၉.၅ မီလီဂရမ်၊
• အမျိုးသမီး - ၄ မှ ၇ မီလီဂရမ်

သွပ်ဓာတ်ကို စားသုံးမှုနည်းပါးတာကြောင့် လျှာအရသာမှာ ထိခိုက်နိုင်တယ်လို့ Ulster တက္ကသိုလ်မှ လူပေါင်း ၃၈၇ ယောက်ကို လေ့လာမှုအပြီးမှာ တွေ့ရှိခဲ့ပါတယ်။ သွပ်ဓာတ်ချို့တဲ့တာကြောင့် အရသာပျက်သွားတာဟာ ဘာကြောင့်လဲဆိုတာ မသိရပေမယ့် သွပ်ဓာတ်ဟာ တံတွေးအင်ဇိုင်း ထုတ်လုပ်ဖို့နဲ့ လျှာအရသာခံဖုတွေ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တယ်လို့ သိရပါတယ်။ သွပ်ဓာတ်ချို့တဲ့တာကြောင့် အအေးမိတုပ်ကွေးလိုမျိုး ရောဂါပိုးတွေ မကြာခဏ ကူးစက်ခံရတာနဲ့ အနာကျက်နည်းတာတွေလည်း ဖြစ်တတ်ပါတယ်။ သွပ်ဓာတ်ဟာ ခုခံအားစနစ် လုပ်ငန်းဆဲလ် ပြုပြင်လုပ်ငန်းနဲ့ ဆဲလ်သစ်ထွက်ပေါ်ဖို့ လုပ်ငန်းတွေအတွက် အရေးကြီးကဏ္ဍမှာ ပါဝင်ရတာကြောင့်ပါလို့ သုတေသီတွေက ဆိုပါတယ်။

 

စားသင့်သည့် အစားအစာ
အမဲသား၊ သိုးသားလိုမျိုး အနီရောင်အသားတွေမှာ သွပ်ဓာတ်များစွာ ပါဝင်ပါသည်။ တစ်ပတ်နှစ်ကြိမ်ခန့် အနီရောင် အသားတုံးတွေကို စားပေးပါ။ သီဟိုဠ်စေ့နဲ့ မြေပဲလိုမျိုး အခွံမာသီးနဲ့ ကောက်နှံ့တစ်ခုလုံးမှာလည်း သွပ်ဓာတ်ပါဝင်ပါတယ်။ 

 

(ခ) ပါးစပ်ဘေးတွင် နှုတ်ခမ်းကွဲခြင်း
ဖြစ်နိုင်သည့်ပြဿနာ - ဗီတာမင် B2 ချို့တဲ့ခြင်း
သတ်မှတ်ထားသည့် နေ့စဉ်စံပမာဏ
• အမျိုးသား - ၁.၃ မီလီဂရမ်
• အမျိုးသမီး - ၁.၁ မီလီဂရမ်

 

ပါးစပ်တစ်ဝိုက်မှာရှိတဲ့ အနာနဲ့ကွဲရာတွေဟာ ဗီတာမင် B2 ချို့တဲ့တာကြောင့်ပါ။ ဗီတာမင် B2 ဟာ ဆဲလ်ထုတ်လုပ်ဖို့နဲ့ ဆဲလ်ကြီးထွားဖို့အတွက် လိုအပ်ပါသည်။ဗီတာမင် B2 မရှိရင် ခန္ဓာကိုယ်အနေနဲ့ ဆဲလ်အသစ်တွေ မထုတ်လုပ်နိုင်သလိုနှုတ်ခမ်းတစ်ဝိုက်မှ အမြှေးပါး ဆဲလ်အသစ်တွေ လုံလုံလောက်လောက် ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဗီတာမင် B2 ဟာ အစာမှ စွမ်းအင်အဖြစ် ပြောင်းလဲဖြစ်စဉ်အတွက်လည်း လိုအပ်တာမို့ ဗီတာမင် B2 ချို့တဲ့ရင် မောပန်းတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ အသက် ၁၁ နှစ်မှ ၁၈ နှစ်ကြား မိန်းကလေး ငါးပုံတစ်ပုံနဲ့ အမျိုးသမီး ရှစ်ပုံတစ်ပုံဟာ ဗီတာမင် B2 ချို့တဲ့နေတယ်လို့ သိရပါတယ်။

 

စားသင့်သော အစားအစာများ
နို့နဲ့ နို့ထွက်ပစ္စည်းကို နေ့စဉ် တစ်ဖန်ခွက်သောက်ရုံနဲ့ ဗီတာမင် B2 ချိုကတဲ့မှုမှ ကာကွယ်နိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, August 2013, No.253, pg. 22

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18