Print

ကြက်သွန်ဖြူ

  25-Feb-2017
Preview Image

အိမ်ရှင်မတွေရဲ့ ဟင်းချက်တိုင်းမပါမဖြစ်တဲ့ လက်သုံးတော်ပေါ့။ သူ့ရဲ့အစွမ်းက လည်း မသေးလှပါဘူး။ ကြက်သွန်ဖြူဟာ သွေးတိုးခြင်းကို ကာကွယ်ပေးရုံသာမကသွေးခဲခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ နောက်ပြီး ကြက်သွန်ဖြူကို တစ်နေ့ တစ်ဥလောက် မှန်မှန်စားသုံးပေးတဲ့ သူတွေမှာ သွေးတွင်းအဆီဓာတ်တိုးပွား မှု လျှော့ ချနိုင်တာကို တွေ့ရပါတယ်။

 

ကြက်သွန်ဖြူထဲမှာ အနံ့ကိုဖြစ်စေတဲ့ ဆာလ်ဖာဓာတ်ပေါင်းများစွာဟာ သူ့ရဲ့ အဓိကဆေးဖက်ဝင် အာနိသင်ဓာတ်ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီဆာလ်ဖာဓာတ်ပေါင်းတွေဟာ လူတွေရဲ့ အစာအိမ်ကင်ဆာဖြစ်ခြင်းကိုလည်း ကာကွယ်တားစီးပေးနိုင်သလို အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ပေါ်ခြင်းကိုလည်း လျော့နည်းစေတာကို တွေ့ရပါတယ်။ 

 

ဒီလိုအာနိသင်ဓာတ်တွေရဖို့ ကျွန်မတို့ဟာ ကြက်သွန်ဖြူကို အစိမ်းသက်သက် အတိုင်းချည်းပဲ စားပေးရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အပူချိန်ပေးပြီး ချက်ပြုတ်လိုက်တဲ့ ကြက်သွန်ဖြူဟာ သူ့မှာပါတဲ့ ဆေးဖက်ဝင်အာနိသင်တွေ ပျက်ပြယ်သွားနိုင်တာမို့ အရမ်း ကြီး အကျက်မလွန်တဲ့ အနေအထားလေးနဲ့ ချက်စားသင့်ပါတယ်။ 

 

ဥပမာအားဖြင့် ကြွပ်နေအောင်ကြော်ထားတဲ့ ကြက်သွန်ကြော်ဟာ အရသာအားဖြင့် စားလို့ကောင်းပေမဲ့ သူ့ရဲ့အာနိသင်ကတော့ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။ အခုနောကပိုင်းမှာ ဂျပန်ကုမ္ပဏီတစ်ခုက အနံ့မရှိတဲ့ကြက်သွန်ဖြူကို ထုတ်လုပ်ချောင်းချနေပြီလို့လည်းသိရပါတယ်။ 

 

ရောဂါဆိုတာကတော့ မဖြစ်ရင် အကောင်းဆုံးပါပဲ။ ဖြစ်မှကုသရင် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ကြရမှာ အမှန်ပါပဲ။ အဲဒီတော့ မဖြစ်ခင်က ကာကွယ်ဖို့၊ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီးထိရောက်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ကာကွယ်တဲ့နေရာမှာလည်း မိမိနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ စားတတ်ရင် ဆေးဖြစ်တာမို့ အစားအစာကနေတစ်ဆင့် ကာကွယ်ခြင်းဟာ အထိရောက် ဆုံး ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။ ဘေးကင်းအောင် စားတတ်ကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
သမုဒ္ဒရာ
Ziwaka magazine, Junuary 2014, Pg. 139



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18