Print

လိင်ဆက်ဆံမှုမပြုမီ စားသင့်သော အစားအစာများ

  25-Feb-2017
Preview Image

(၁) တရုတ်နံနံ

တရုတ်နံနံထဲမှာ အမျိုးသားဟော်မုန်း တက်စထရိုစတီရုန်း ပါဝင်တာကြောင့် အမျိုးသမီး ကို ဆွဲဆောင်လိုစိတ် ဖြစ်ပေါ်ပါတယ်။ တရုတ်နံနံကို အစိမ်းအတိုင်း စားလိုက်ပါက ချွေးဂလင်းတွေကနေ အနံ့တစ်မျိုးထွက်လာပြီး အမျိုးသမီးတွေအပေါ်မှာ ဆွဲဆောင်မှု ရှိစေပါတယ်။ တရုတ်နံနံကို အမျိုးသမီးတွေ စားသုံးပါက စိတ်ဆန္ဒဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

 

(၂) ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင်ဘီတွေ ပါဝင်တာကြောင့် စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲဖို့နဲ့ အမျိုးသားဟော်မုန်း ထုတ်လုပ်ရာတွေမှာ ကူညီပေးပါတယ်။ ငှက်ပျောသီးက စိတ်ဆန္ဒဖြစ်ပေါ်မှုအတွက် အကောင်းဆုံး အစားအစာလို့ အမျိုးသမီး ကျန်းမာရေး မဂ္ဂဇင်းမှာ ရေးသားဖော်ပြ ထားပါတယ်။ ငှက်ပျောသီးကို လိင်ဆက်မှု မပြုမီမှာ စားသုံးထားပါက စွမ်းအင်အလုံအလောက် ရရှိစေတယ်လို့ စာရေးသူက ရေးသားထားပါတယ်။

 

(၃) ဗီနီလာ

ဗီနီလာရနံ့က အမျိုးသားတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ လေ့လာမှုတွေအရ ဗီနီလာရနံ့က အမျိုးသားတွေရဲ့ လိင်အင်္ဂါဆီ သွေးရောက်ရှိမှုများစေပြီး စိတ်ကျေနပ်မှု ကိုလည်း ရရှိစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အခန်းတွင်းမှာ ဗီနီလာရနံ့ မွှေးပျံ့နေအောင် လုပ်ထားပါက အိမ်ထောင်ဖက်နှစ်ဦးစလုံးကို စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ 

 

(၄) ချင်း (ဂျင်း)

ချင်း (ဂျင်း) က ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ကောင်းစေပြီး မျိုးပွားအင်္ဂါတွေဆီ သွေးစီးဆင်းမှု အားကောင်းစေပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ပိုမိုအကျိုးသက်ရောက်မှု ရှိစေပါတယ်။ 

 

(၅) ကညွတ်

ကညွတ်မှာ ဖောလိတ်ဓာတ်ပါဝင်ပြီး ဖောလိတ်က ဟစ္စတာမင်း ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ဟစ္စတာမင်းက အမျိုးသားရော အမျိုးသမီးပါ စိတ်ဆန္ဒပြီးမြောက်ရာမှာ မရှိမဖြစ် လိုအပ်တာကြောင့် သင့်ညစာမှာ ကညွတ်ပါဝင်အောင် စားသင့်ပါတယ်။

 

(၆) ကမာကောင်

ကမာကောင်မှာ ဇင့်ဓာတ်များစွာပါဝင်ပြီး အမျိုးသားဟော်မုန်း တက်စထရိုစတီရုန်း ထုတ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ပန်းသေပန်းညှိုးတဲ့ အမျိုးသားတွေမှာ ဇင့်ဓာတ်ချို့တဲ့ နေတတ်ပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ ကမာကောင်၊ ဖရုံစေ့တွေ စားသုံးပါက မျိုးပွားအင်္ဂါတွေ ကျန်းမာသန်စွမ်း စေပါတယ်။ လတ်တလော လေ့လာမှုအရ ကမာကောင်၊ ယောက်သွားတွေမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ် နှစ်မျိုးက ခန္ဓာကိုယ်မှာ အမျိုးသားဟော်မုန်းတွေကို ထုတ်လုပ်ဖို့အားပေးပြီး စိတ်တည်ငြိမ်စေတယ်လို့ တွေ့ရှိထားပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
အလင်း (ဆေးဝါး)
Arogyam magazine, July 2013, No.252, Pg. 28



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18