Print

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

  25-Feb-2017
Preview Image

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင် ရှိပါ တယ်။ ကွမ်းရွက်မှာအောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

 

အကိုက်အခဲ ပျောက်စေပါတယ် ကွမ်းရွက်မှာ အကိုက်အခဲ ပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်း ထန်ထန် ခေါင်းကိုက်နေသူတွေမှာ ခေါင်းကိုက်တဲ့နေရာပေါ် ကွမ်းရွက်အုပ်ပေး ပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။ မွေးကျွတ်နာကို သက်သာစေပါတယ်။ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့ အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီအနည်းငယ် ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ
ဖြစ်ပါတယ်။

 

ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်။ ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။ အဆုတ်ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ ဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင် ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင်ချောင်းဆိုးတာနဲ့ အသက်ရှူ မဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။အဆစ်ရောင်နာကိုလည်း သက်သာစေပါတယ်။

 

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။အနာကျက်စေပါတယ်။ ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာသုတ်လိမ်းပေးပြီး ပတ်တီး စည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက် မြန်စေ ပါတယ်။

 

သတိပေးချက်
ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ ဆေးနဲ့ တခြားပါဝင် ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စား သင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ကြယ်စင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18