Print

ကျန်းမာရေးအတွက် မာလကာသီး စားရအောင်

  25-Feb-2017
Preview Image

မာလကာသီးဟာ မိန်းကလေး အတော်များများရဲ့ အကြိုက်ပါ။ မာလကာသီးကို အသီးအတိုင်း စားကြတဲ့အပြင် ဖျော်ရည် သကြားလုံးစတဲ့ အစားအစာတွေမှာလည်း အသုံးပြုကြပါတယ်။ မာလကာသီးက အရသာရှိတာအပြင် ကျန်းမာရေးအတွက် ဘာတွေ အကျိုးပြုလဲဆိုတာ စပ်စုကြည့်ကြစို့လား။ မာလကာသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးတယ်။ 

 

အမျှင်ဓာတ်က သွေးတွင်းအချိုဓာတ် လျော့နည်းခြင်းကို ကာကွယ်ပေးတယ်။ ဒါ့ပြင် အစာချေစနစ်ကို အထောက်အကူ ပေးသေးတယ်။ ကိုယ်တွင်းအင်္ဂါတွေ သန့်စင်ဖို့ကိုလည်း အမျှင်ဓာတ်က အထောက်အကူ ပေးသေးတယ်။ ဗီတာမင်အေက မျက်လုံးကို အားဖြည့်ပေးတယ်။ အမြင်အာရုံကို တိုးတက်စေတယ်။ မုန်လာဥနီ မကြိုက်တဲ့သူတွေ မျက်လုံးအားကောင်းဖို့ မာလကာသီး များများစားသင့်တယ်။ ပိုတက်စီယမ်က သွေးလည်ပတ်မှုနဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေတယ်။ မာလကာသီးမှာပါတဲ့ ပိုတက်စီယမ် ပမာဏက ငှက်ပျောသီးမှာပါတဲ့ ပမာဏနဲ့ အတူတူပဲမို့ ငှက်ပျောသီးမကြိုက်ရင်လည်း မာလကာသီးစားလို့ရပါတယ်။

 

အာရုံကြောတွေကိုပါ အထောက်အကူပေးပါတယ်။ ကြွက်သားနဲ့ အာရုံကြောတွေ ပျော့ပြောင်းပြီး သက်သောင့်သက်သာဖြစ်ဖို့ မာလကာသီး စားပေးရမယ်တဲ့။ ဒါ့ပြင် အသားအရေ အတွက်လည်း အကျိုးများသေးတယ်။ အသားအရေ ကြည်လင်ဝင်းပ ဖို့အတွက် အူတိုင်ပန်းရောင် မာလကာသီးကို စားပေးရပါမယ်။ စားရုံမက မာလကာသီးနဲ့ ချေးချွတ်သန့်စင်နိုင်ပါသေးသတဲ့။ ကြက်ဥအနှစ်နဲ့ မာလကာသီးကို ရောမွှေပြီး ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ မိနှစ်နှစ်ဆယ်လောက် လိမ်းထားပြီး ရေနွေးနဲ့ဆေးချလိုက်ရင် မျက်နှာမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးရုံမက အညစ်အကြေးတွေကိုလည်း သန့်စင်စေတဲ့အတွက် ဖြူစင်ဝင်းပတဲ့ အသားအရေကို ရနိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။ 

 

မာလကာသီးက အိုမင်းရင့်ရော်ခြင်း ကိုလည်း အကာအကွယ်ပေးပြန်ပါတယ်။ မာလကာသီးမှာ ဗီတာမင် အေ၊ စီ၊ ဗဖာလစ်အက်စစ်၊ ပိုတက်ဆီယမ်တို့ ပါဝင်တာကြောင့် ဆံသား ကျန်းမာသန်စွမ်းဖို့လည်း အထောက်အကူ ပေးပြန်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ မာလကာသီးဟာ ဆံပင်သန်စွမ်းဖို့၊ ဆံပင်ကျွတ်ခြင်းက ကာကွယ်ဖို့ သိပ်ကို အထောက်အကူဖြစ်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ မာလကာသီး ကြိုက်တဲ့ ပျိုမေတွေ အသီးစားရင်းနဲ့ လှပနိုင်ကြပြီပေါ့နော်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Myat Mon May

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18