Print

ကင်ဆာဝေဒနာရှင်များ ရဲယိုသီး စားသုံးပါ

  25-Feb-2017
Preview Image

ရဲယိုသီးကို အခြေခံပြီး ထုတ်လုပ်ထားသည့် ဆေးတောင့်များနှင့် ဖျော်ရည်များ သုံးစွဲခြင်းသည် ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် အကျိုးများစွာ ရှိနိုင်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာ သန်းထွန်းက ပြောသည်။

 

“ကင်ဆာရောဂါကို ကုသတဲ့အခါမှာ အသုံးပြုတဲ့ ဆေးဝါး အများစုဟာလည်း ဒီအပင်ကနေ လာတာဖြစ်တယ်။ ရဲယိုဟာ ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ အစွမ်းအာနိသင် အရှိဆုံးပဲ။ နောက်ပိုင်းမှာ ရဲယိုကနေ ထုတ်လုပ်တဲ့ ကင်ဆာ ဆေးစွမ်းကောင်းတွေ အများကြီး ပေါ်ထွက်လာတော့မှာ ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ ရဲယိုသီး စားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များ ဟန့်တားစေနိုင်သည့် အဓိကရောဂါများမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာနှင့် ကျောက်ကပ်ကင်ဆာများပင်ဖြစ်ကြောင်း သိရသည်။

 

“ရဲယိုသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ခုခံအားစနစ်ကို တိုးတက်အောင်ပြုလုပ်ပေးတဲ့အတွက် ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်စွမ်း ရရှိလာမှာ ဖြစ်တယ်။ ဒါကြောင့် ရဲယိုသီးစားတဲ့ ကင်ဆာ ဝေဒနာရှင်တွေဟာ ရဲယိုသီး မစားတဲ့သူထက် ပိုပြီး သက်တမ်းရှည်စွာ နေရမှာ ဖြစ်တယ်။ ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းနေတဲ့အတွက် Secondary infection လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ အလွယ်
တကူ ဝင်ရောက်မလာနိုင်ဖို့ကိုလည်း တားဆီးပေးနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

ရဲယိုသီးကို အနောက်တိုင်းဆေးဝါး အသုံးပြုနေသည့် လူနာများလည်း အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။ “ပင်ကို ရဲယိုသီးမှာ ပါဝင်တဲ့ အာဟာရ ဓာတ်တွေနဲ့ ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေကြောင့် ကင်ဆာလူနာကို ပိန်ချုံး မသွားအောင်လည်း ကာကွယ်ပေးတယ်။ ကင်ဆာဝေဒနာရှင်တွေမှာ အဓိက တွေ့ရလေ့ရှိတဲ့ နာကျင်မှု ဝေဒနာတွေကနေလည်း သက်သာအောင် ဆောင်ရွက်ပေးတယ်။ ဒါတွေအပြင် အနာအကျက် မြန်အောင်၊ ခန္ဓာကိုယ်မှာ ချို့ယွင်းမှုတွေကို ပြန်ကောင်းအောင်လည်း ပြုလုပ်ပေးပါတယ်။ ကင်ဆာဝေဒနာရှင်တွေ အသုံးပြုနေတဲ့ အနောက်တိုင်း ဆေးဝါးတွေကို ပိုမို အစွမ်းအာနိသင် ထက်မြက်အောင်လည်း ကူညီပေးပါတယ်” ဟု ရဲယိုသီး၏ အသုံးဝင်မှုများကို အထက်ပါ ဆရာဝန်က ဆက်လက်ပြောသည်။

 

ရဲယိုသီးသည် ကင်ဆာရောဂါ ကာကွယ်ရေးပိုင်းမှာရော၊ ကုသရေးပိုင်းများမှာပါ အစွမ်းထက်သည့် သဘာဝသစ်သီး ဖြစ်ပြီး၊ သူ့အတိုင်း စား၍ရသည့် အသီးဖြစ်သည့် အတွက် ဘေးထွက်ဆိုးကျိုးများလည်း မရှိသလောက် နည်းပါးကြောင်း၊ မည်သည့်ကင်ဆာ အမျိုးအစားကိုမဆို ရဲယိုကို စားသုံးပါက အလွန်အကျိုးရှိကြောင်း ဒေါက်တာ သန်းထွန်းက ထပ်လောင်း ပြောသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
ချစ်ဆုဆွေ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18