Print

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

  25-Feb-2017
Preview Image

မြန်မာ လူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်း ရှိတယ်လို့ ဆိုကြပါတယ်။

 

ဘူးသီးကို ဟင်းခါး အဖြစ် ကျို ချက် သောက်သုံး ကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စား တာမျိုးလည်း ပြုလုပ် ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။

 

အသည်းရဲ ့ လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်
ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘို ဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင်စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာတို့ လုပ်ဆောင် ပေးပါတယ်။

 

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်
ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူ တာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

 

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်
ဘူးသီးကို စားပေးတာကြောင့် နုံးချည့် ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်း စေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

 

စိတ်စွဲလွန် ဝေဒနာကို သက်သာစေပါတယ်
ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းစေတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါ တလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD)ကို လျော့ကျ စေပါတယ်။ ဆေးဝါးဗေဒ ဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရ ပါတယ်။

 

ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်
ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁ဝဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

 

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

 

မျက်စိ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိ အမြင်အာရုံကိုကောင်းမွန် စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူလမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစတာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါ အများစုကို တွန်းလှန် ပေးနိုင်ပါတယ်။

 

သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်
ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက် တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေပါတယ်။ ဒါကြောင့် ဆီးချို ရောဂါ ရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

 

Healthcare.com.mm
Ref:
Myawady

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18