Print

ကန်စွန်းရွက် ၁၀၀ ဖိုးလောက်နဲ့ အသားအရေ လှအောင် လုပ်ကြမယ်..

  25-Feb-2017
Preview Image

ကန်စွန်းရွက်ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အထောက်အကူဖြစ်စေရုံသာမက၊ အသားအရည်ကို ကောင်းမွန်သန် ့ရှင်းစေလို ့ ပျိုပျိုမေတို ့အတွက် အကောင်းဆုံးအဖော် မွန်ပါဘဲ။

 

(က) ဝက်ခြံစို၊ ဝက်ခြံခြောက်၊ ဝက်ခြံပုန်း၊ တင်းတိပ်၊ အမည်းစက်များနှင့် မျက်နှာအသားအရေ အရောင်မညီခြင်းများအတွက် စိတ်မပျက်ပါနှင့်။ကန်စွန်းရွက်ကိုကြိတ်ချေပြီး၊ ထိုသတ္တုရည် တစ်မျိုး တည်းကိုသာ စိတ်ချလက်ချလိမ်းပေးခြင်းဖြင့် သက်သာလာစေနိုင်ပါတယ်။


(ခ) ပျားရည်စားပွဲတင်ဇွန်း ၁-ဇွန်း နှင့် ကန်စွန်းရွက်သတ္တုရည် စားပွဲတင်ဇွန်း ၄-ဇွန်းကို သမအောင်ရောမွှေကာ ခြေလက်များကို လိုးရှင်းအဖြစ် နံနက် နှင့် ည ပုံမှန်လိမ်းပေးခြင်းဖြင့် အသား အရေ ဝင်းလက်စိုပြေ တောက်ပလာစေနိုင်ပါတယ်။

 

(ဂ) ကန်စွန်းရွက် ကို အရည်ညှစ်၍ ခေါင်းဦးရေပြားထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးခြင်းဖြင့် ဆံပင််သန်စွမ်းကာ အရှည်မြန်စေပါတယ်။ ဒါ့ပြင်ဦးရေပြားကိုအေးမြစေ လို ့၊ ဗောက်များ ကင်းစင်စေပါတယ်။

 

(ဃ) မီးဟပ်ခြင်း နှင့်မီးလောင်ဒဏ်ရာများအတွက် ကန်စွန်းရွက်သတ္တုရည်ကို သကြားနဲ ့ရောစပ်လိမ်းပေးခြင်းဖြင့် အပူ လောင်ခြင်းကို သက်သာစေကာ၊ အမာရွတ်မကျန်ပျောက်ကင်းစေနိုင်ပါတယ်။

 

မှတ်ချက်။ (က) များသောအားဖြင့် ကန်စွန်းပင်များကို စိုက်ခင်းထဲတွင် သဘာဝရေမှော် ကဲ့ သို ့စိုက်ပျိုးထားလေ့ရှိတာမို ့၊ ကပ်ပါး ပိုးများပါလာတတ်၍ အသုံးမပြုမီ ရေများများဖြင့် စင်စင်ဆေးကြောသင့်ပါတယ်။ 

 

(ခ) ညှိးပျော့၍အဝါရောင်သန်းနေသော ကန်စွန်းရွက်များသည် မလတ် ဆတ်ဘဲ ကျန်းမာရေးအာနိသင်လဲ ပျက်ပြယ်စေလို ့ အရွေးမမှားဘို ့
လို်ပါတယ်။

 

ခေတ်မီတိုးတက်လျက်ရှိသော ယနေ ့ကမ္ဘာတွင် ကျန်းမာရေးအမြင်ရှိသူတိုင်းက၊ သစ်သီးဝလံံနှင့် အစားအစာများ၏ အရေးပါပုံကို သိမြင်လက်ခံလာကြပြီဖြစ်၏။

 

ထို ့ကြောင့် မိမိတို ့ ပတ်ဝန်းကျင်တွင် ရာသီမရွေးရ ရှိနို်င်ကာ၊ ငွေကုန်သက်သာလွယ်ကူစွာချက်ပြုတ်နို်င်ပြီး၊ ခံတွင်းလဲမြိန်၊ ကျန်းမာရေးကိုလဲ များ စွာ အထောက်အကူပြုစေသည့် " ဆေးစွမ်းထက်မြက် ကန်စွန်းရွက် " ကို မီးဖိုချောင်သုံးဆေးဝါး အဖြစ် စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

 

Healthcare.com.mm
Ref: ကျန်းမာရေးသတင်းများ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18