Print

တစ်နေ့ပန်းသီးတစ်လုံးနှင့် ငှက်ပျောသီးတစ်ဝက်စားခြင်းဖြင့် နှလုံးရောဂါထန...

  25-Feb-2017
Preview Image

တစ်နေ့ သစ်သီးနှစ်လုံးစားခြင်းဖြင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းကျော် လျော့ကျစေကြောင်း လေ့လာသူတို့က ဆိုသည်။ လေ့လာမှုအသစ်အရ သင်စားသော သစ်သီးအရေအတွက် များလျှင် သစ်သီးလုံးဝ မစားသုံးသူနှင့် နှိုင်းယှဉ်ပါကရောဂါဖြစ်နိုင်ခြေ ပိုမိုလျော့နည်းကြောင်း တွေ့ရှိရသည်။ 

 

နှလုံးသွေးကြောပိတ် ရောဂါနဲ့ လေဖြတ်တာတို့ အပါအဝင် နှလုံးသွေးကြောရောဂါက ကမ္ဘာတစ်ဝန်းလုံး သေဆုံးနိုင်ခြေများစေတဲ့အကြောင်းရင်းဖြစ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေကို စားတာကြောင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်” ဟု လေ့လာမှုခေါင်းဆောင်ဒေါက်တာဒူက ဆိုသည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားခြင်းသည်အင်တီအောက်ဆီးဒင့် အာနိသင်ပါဝင်မှုကြောင့် ခန္ဓာကိုယ်ထဲက အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများကို ထတွန်းလှန်ပေးနိုင်တာကြောင့်ဟု လေ့လာသူတို့က ယူဆထားကြသည်။

 

လတ်တလောလေ့လာမှုသည် နှလုံးသွေးကြောရောဂါမရှိသူ လေးသိန်းခွဲကျော်အား ခုနစ်နှစ်ကြာလေ့လာခဲ့ခြင်းဖြစ်သည်။ လေ့လာမှုအရ သစ်သီးတစ်လုံးနှင့် တစ်ဝက် (သို့) အလေးချိန် ၁၅၀ ဂရမ်စားခြင်းဖြင့် အကောင်းဆုံး ကျန်းမာရေး အကျိုးကျေးဇူးကို ရရှိနိုင်ကြောင်း သိရှိရသည်။

 

“လေ့လာမှုအရ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တွေကို များများစားတာကြောင့်နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်ဆိုတာ တွေ့ရှိရပါတယ်။ တစ်နေ့မှာ သစ်သီးဝလံတွေကို တစ်ကြိမ်လောက် ပိုစားရင်တောင် နှလုံးသွေးကြောရောဂါ အန္တရာယ်ကို ပိုမိုလျော့ကျအောင် ကူညီနိုင်ပါတယ်” ဟု လေ့လာသူတို့က ကောက်ချက်ချထားသည်။

 

Healthcare.com.mm
Ref:
ဒေါက်တာခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.268, November, Pg.161



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18