Print

တစ်ပတ်တစ်ကြိမ် ငါးစားခြင်းဖြင့် မှတ်ဉာဏ်ကောင်းစေနိုင်

  25-Feb-2017
Preview Image

ကောင်းမွန်စေကြောင်း လေ့လာမှုအရ သိရသည်။ ငါးကင်စားလျှင်ပင် ဦးနှောက်အစိတ်အပိုင်း Grey Matter ကို အားကောင်းစေကြောင်း သိရသည်။ ငါး၊ အစေ့အဆန်၊ အခွံမာသီးနှင့် အချို့အဆီများထဲတွင် ပမာဏများစွာ တွေ့ရှိရသော အိုမီဂါ ၃ ဖက်တီးအက်စစ်၏ အင်တီအောက်ဆီးဒင့် အာနိသင်သည် ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေမှုနဲ့ ဆက်စပ်နေကြောင်း ကျွမ်းကျင်သူတို့က ယခင်က ပြောဆိုခဲ့သည်။

 

သို့ရာတွင် လေ့လာမှုအသစ်အရ မည်သည့်ငါးမဆို စားခြင်းဖြင့် မှတ်ဉာဏ်၊ တွေးခေါ်နိုင်စွမ်းတို့နှင့် ဆက်စပ်နေသော ဦးနှောက်ထုထည်ကို ပိုမိုကြီးမားစေကြောင်း သိရသည်။ အစားအသောက်ကဲ့သို့သော ဘဝနေထိုင်စားသောက်မှုပုံစံသည် အသက်ကြီးချိန်တွင် ဦးနှောက်ကျန်းမာခြင်းကို ဖြစ်စေကြောင်း တွေ့ရှိခဲ့ရသည်။ သိပ္ပံပညာရှင်များက ၂၀၄၀ တွင် သူငယ်ပြန် မှတ်ဉာဏ်လျော့နည်းရောဂါ ဖြစ်လာနိုင်သူ လူဦးရေ သန်း ၈၀ ကျော်ရှိကြောင်း ခန့်မှန်းတွက်ချက်ခဲ့ကြသည်။ 

 

“ဆီနဲ့ကြော်ထားတာ မဟုတ်ဘဲပြုတ်ထား၊ ကင်ထားတဲ့ ငါးကိုစားရင် မှတ်ဉာဏ်၊တွေးခေါ်မြော်မြင် နိုင်စွမ်းတို့နဲ့ ဆက်စပ်နေတဲ့ ဦးနှောက်အစိတ်အပိုင်းကို ပိုကြီးမားစေတယ်” ဟု ပစ္စဘာ့ဂ်ဆေးတက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဒေါက်တာဂျိမ်းစ်က ဆိုသည်။ ထိုပြုတ်ထား၊ ကင်ထားသော ငါးများတွင် ငါးကြော်ထက် အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုပိုများကြောင်း၊ အကြောင်းမှာ ဖက်တီးအက်စစ်များသည် ဆီပူပြင်းပြင်းထဲတွင် ထိခိုက်ပျက်စီးသွားသောကြောင့် ဖြစ်ကြောင်းသိရသည်။ ထိုပြုတ်ထား၊ ကင်ထားသော ငါးများကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားခြင်းဖြင့် မှတ်ဉာဏ်နှင့်ဆိုင်သော ဦးနှောက်အစိတ်အပိုင်းကို ၄ ရာခိုင်နှုန်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့်ဆိုင်သော ဦးနှောက်အစိတ်အပိုင်းကို ၁၄ ရာခိုင်နှုန်း ကြီးမားလာစေနိုင်ကြောင်း လေ့လာသူတို့ကတွေ့ရှိခဲ့ကြသည်။

 

Healthcare.com.mm
Ref:
ဒေါက်တာခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18