Print

မုန်ညင်းဖြူအစွမ်း

  25-Feb-2017
Preview Image

စားသုံးသင့်သူများ
မုန်ညင်းဖြူကို အသက်ကြီးငယ်မရွေး စားသုံးသင့်ပါသည်။ အဖျားရှိသူ၊ အအေးမိသူ၊ အပူချောင်းဆိုးသူ၊ ဝမ်းချုပ်သူများ၊ လည်ချောင်းနာသူများလည်း စားပေးသင့်သည်။ အထူးသဖြင့် ဝမ်းဖောဝမ်းရောင်ဖြစ်သူ၊ နှလုံးသွေးကြောရောဂါရှိသူများ အထူးစားပေးသင့်ပါသည်။

 

မစားသုံးသင့်သူများ
မုန်ညင်းဖြူကို ခန္ဓာကိုယ်အတွင်း အအေးဓာတ်များသူ၊ ပန်းနာရင်ကျပ် ဖြစ်နေသူ၊ အူအတွင်းရောဂါရှိသူများ မစားသုံးသင့်ပါ။

 

ပါဝင်သောဓာတ်များ
မုန်ညင်းဖြူတွင် ဆယ်လူလို့စ်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် A,B,C ဓာတ်များ၊ ကယ်လ်ဆီယမ်၊ ခယ်လီယမ်၊ သံဓာတ်၊ ကန့်ညို (ဆီလီနီယမ်)၊ ဇင့်ဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။ 

 

ကောင်းကျိုး
မုန်ညင်းဖြူထဲတွင်ပါသော ဆယ်လူလို့စ်ကြောင့် အူမကြီးကို လှုပ်ရှားစေသည်။ အူကို စိုစွတ်စေသည်။ အစာကြေစေရန် ကူညီပေးနိုင်သည်။ အူမကြီးကင်ဆာကို ကာကွယ်ပေးသည်။ အဆိပ်များကို ဖယ်ရှားပေးနိုင်သည်။ မုန်ညင်းဖြူကို စားပေးခြင်းဖြင့် ကင်ဆာကို ခုခံနိုင်သည်။ အရေပြားကို ကာကွယ်ပေးသည်။ ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားပေးနိုင်ပြီး ဖိအားကျစေသည်။ 

 

မုန်ညင်းဖြူထဲတွင် ပါသော ဗီတာမင် C ကြောင့် အရေပြားကို လှပစိုစွတ်စေနိုင်သည်။ ကိုယ်တွင်းအပူများကို ဖယ်ရှားပေးနိုင်သည်။ ကိုလက်စထရောကို ကျစေသည်။ အအေးမိခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ သွေးကြောများ၏ ရှန်းကန်အားကို တိုးပွားစေနိုင်သည်။ နှလုံးသွေးကြောရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ မုန်ညင်းဖြူထဲပါသော ဇင့်ဓာတ်ကြောင့် ကင်ဆာကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ ခယ်လီယမ်ဓာတ်ကြောင့် ခန္ဓာကိုယ်တွင်းရှိ များပြားနေသော ဆားပမာဏကို ဖယ်ရှားပေးနိုင်သည်။ မုန်ညင်းဖြူ များများစားပေးပါက သွေးတိုးရောဂါ ရှိသူများအတွက် အကျိုးရှိစေမည်။ ဆီးအတွက် ကောင်းကျိုးပေးသည်။ ကယ်လ်ဆီယမ်ကြောင့် အရိုးများကို သန်မာစေသည်။

 

Healthcare.com.mm
Ref:
China Magazine
ယမုံအေး (စမ်းချောင်း)
Ziwaka magazine, July 2014, Pg. 139-141



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18