Print

ဆီးချိုရောဂါသမားများတွင် မှားယွင်းစွာယူဆ၊ ကျင့်သုံးမှုအလေ့အထများ

  25-Feb-2017
Preview Image

ဆီးချိုသွေးချိုရောဂါသည်များ၏ မှားယွင်းစွာ ယူဆ၊ ပြုမူ၊ ကျင့်သုံးမှု အလေ့အထအအမှားများမှာ -
(၁) တတ်သိနားလည်သော ဆေးပညာရှင်များ၊ ဆီးချိုသွေးချိုရောဂါ အထူးကုပညာရှင်များ၏ အကြံပေးချက်များကို လက်ခံလိုက်နာခြင်းမရှိဘဲ၊ အစာအာဟာရများကို မိမိထင်မြင်ယူဆချက် သက်သက်နှင့် စားသုံးနေကြခြင်း။

 

(၂) သိပ္ပံနည်းကျ လေ့လာစမ်းသပ်မှုများအပေါ် အခြေခံ၍ အကြံပြုချက်များကို မလိုက်နာဘဲ ဆီးချိုသွေးချိုဝေဒနာရှင် အချင်းချင်းထံမှဖြစ်စေ၊ ရပ်ကွက်ထဲမှ လူများ၏ ထင်မြင်ယူဆ အကြံပေးချက်များကိုဖြစ်စေ လွဲမှားစွာ လက်ခံလိုက်နာနေကြခြင်း။

 

(၃) အစားအစာနှင့် ဆေးဝါးကို အချိန်ကိုက်၍ စားသုံးခြင်းမရှိဘဲ စားချင်သလို စားသုံးနေကြခြင်း။

 

(၄) စားသုံးသည့် အစားအစာများတွင် အဓိကအကျဆုံး ကစိဓာတ်လုံလောက်စွာ ပါဝင်ခြင်းမရှိဘဲ အရည်နှင့် အသားဓာတ်များ သက်သက်သာ ပါဝင်နေခြင်း။

 

(၅) အစားအစာ စားသုံးချိန်များကို တစ်သမတ်တည်းမရှိဘဲ စည်းကမ်းမရှိဘဲ စားချင်သလို စားသုံးနေခြင်း။

 

(၆) စားသုံးရန်မသင့်သော အစားအစာများကို တစ်ခါတစ်လေပါ၊ နည်းနည်းလေးစားတာပါ စသည်ဖြင့် ဆင်ခြင်များပေးကာ စားသုံးတတ်ကြခြင်း။
မတည့်သောအစာများကို တစ်ခါတစ်လေဖြစ်စေ၊ နည်းနည်းလျှော့စားသည်ဖြစ်စေ၊ စားသုံးသည်နှင့် သွေးချိုဓာတ်များ တက်လာပြီး သွေးချိုထိန်းသိမ်းမှုများ ပျက်စီးတတ်ပါသည်။ မတည့်သော အချိုဓာတ်သည် ဆီးချိုသွေးချိုရောဂါရှင်များ ကိုယ်တွင်းအင်္ဂါများကို တဖြည်းဖြည်းချင်း ထိခိုက်ပျက်စီးစေတတ်ကြောင်း သတိမူသင့်ကြပါသည်။ အဆိပ်ဟူသမျှ နည်းနည်းဖြစ်စေ၊ လျှော့၍ တစ်ခါတစ်လေ စားသုံးသည်ဖြစ်စေ၊ မည်သို့ပုံစံနှင့် ခန္ဓာကိုယ်ကို ထိခိုက်အန္တရာယ်ရှိကြောင်း သတိချပ်စေလိုပါသည်။ 

 

Healthcare.com.mm
Ref:
ပါမောက္ခဦးတင့်ဆွေလတ်
(ဆီးချိုသွေးချိုရောဂါနှင့် အထွေထွေရောဂါကု ဆရာဝန်ကြီး)
ဆီးချိုသွေးချိုရောဂါ လက်တွေ့ကျကျ ကာကွယ်ကုသကြ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18