Print

နဂါးမောက်သီး ရဲ့ ဆေးဖက်ဝင်ပုံ

  25-Feb-2017
Preview Image

နဂါးမောက်သီး ( Dragon fruit) သည့် သွေးတိုး ရှိသောသူများ ဆီးချိုရှိသောသူများအတွက် စားသင့်သော အသီးနှံများစွာထဲ့မှ အသီးဖြစ်ပါသည် ။ 

 

ပင်ကိုယ် အသီး၏ အစွမ်းမှာ သွေးအတွင်းရှိ သကြားဓာတ်ကို လျော့ချနိုင်စွမ်းရှိသည့် အပြင် ကင်ဆာဖြစ်စေနိုင်ခြင်းကိုလည်း ကာကွယ်မှု ပေးသောအသီးလည်း ဖြစ်ပါသည် ။

 

အဆီအဆိမ့်များသောအစားသောက်များများ စားမိပါက ၎င်းအသီးကို စားပေးခြင်းဖြင့် ဝစေနိုင်သော ကိုလက်စထရော့များကို ခြေဖျက်လျှော့ချပေးနိုင်သဖြင့် ဝခြင်းကို ကာကွယ်နိုင်ပါတယ် ။

 

အသားအရည်ခြောက်နေသူများ၊ အသားရည်လှပ လိုသူများအတွက် အရည်ရွှမ်းသော အသီးဖြစ်သောကြောင်း အသားအရေကို စိုပြေချောမွတ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များလည်း စားသုံးသင့်သည် ။

 

အရိုးအသွားများကို ခိုင်မာစေသည့်အပြင် ဦးနှောက်မှတ်သားမှုကို အားကောင်းစေပါတယ်။ သွေးတိုးသမား ၊ ဆီးချိုသမား ၊ နလန်ထ လူမမာများစားသုံးသင့်သည်အပြင် အသီးအနှံများစွာထဲ့မှလူနှင့်တည့်သည့်အတွက်စားသုံးသင့်သော နဂါးမောက်သီးပင်ဖြစ်ပါတော့သည် ။

 

Healthcare.com.mm
Ref:
ဖိုးသူတော်(www.phothutaw.com)
Credit : Mg Mandalay



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18