Print

အစာအိမ် အချဉ်ပေါက်သူများ ရှောင်ရမည့် အစားအစာများ

  25-Feb-2017
Preview Image

ကော်ဖီ = ကဖင်းပါသော အစားအစာများသည် အစာအိမ် အက်ဆစ်ဓာတ်ကို လွန်ကဲစေသည်။

 

ချိစ်ကိတ် = အဆီပါဝင်မှုများသော အစားအစာများသည် အစာအိမ် အက်ဆစ်ဓာတ်လျှံတက်စေပြီး ရင်ပူစေသည်။

 

ပန်းဂေါ်ဖီစိမ်း = ပန်းဂေါ်ဖီစိမ်းသည် လေပွစေပြီး အစာအိမ် အက်ဆစ်ဓာတ်ကို လွန်ကဲစေသည်။

 

အချဉ်သစ်သီးများ = အချဉ်ဓာတ်သည် အစာအိမ်အက်ဆစ် လွန်ကဲစေသည်။ 

 

အရက် = ဘီယာ၊ ဝိုင်နှင့်အရက်များသည် အစာအိမ်ရောင်သည်အထိဖြစ်သည်။အစပ်၊ ငရုတ်သီး၊ ချင်း စသည့် ပူစပ်သည့် အစားအစာများသည် အစာအိမ် အက်ဆစ်ကိုပိုပြင်းစေပြီး ဗိုက်အောင့်စေသည်။

 

ချောကလက် = ချောကလက်သည် အစာအိမ် အက်ဆစ်ကို မမြင့်တတ်စေသော်လည်း အစာရေမျို ပြွန်(oesophagus) ကြွက်သားကို ပျော့ပျောင်းစေသည့်အတွက် အစာအိမ်အက်ဆစ်များကို ပြန်အန်ထွက်စေပြီး ရင်ပူစေသည်။

 

ခရမ်းချဉ်သီး = ခရမ်းချဉ်ကိုယ်၌ပင် အက်ဆစ်ဓာတ် များစွာပါဝင်ပြီး အစာရေမျို ပြွန်ကိုလည်း ပျော့စေသည့်အတွက် ရင်ပူစေသည်။ ခရမ်းချဉ်သီး အချဉ်ရည်များသည်လည်း အစာအိမ် အချဉ်ပေါက်စေသည်။ 

 

အစားကြီးခြင်း = ညမအိပ်ခင် နှစ်နာရီမှ သုံးနာရီအတွင်း အစာအမြောက်အမြား စားထားလျှင် အစာရေမျို ပြွန်နှင့် အစာအိမ်တို့ကြား ပြွန်ပေါက်ကို ဖိအားသက်ရောက်မှုကြောင့် အစာအိမ်အက်ဆစ်များ အပြင်ထွက်ကာ ရင်ပူတတ်သည်။

 

ရှောင်ရန်
-----------
အစာအိမ်အနာ ဖြစ်ပေါ်လျှင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊အပူအစပ်စားခြင်း၊ လက်သုပ်ချဉ်နှင့် အသုပ်များစားခြင်း၊ မာသောအရာများ (ထမင်းကြော်၊ အကြော်)၊ အကိုက်အခဲ ပျောက်ဆေးများ၊ ကော်ဖီ၊ လက်ဖက်ရည်ပြင်းပြင်းသောက်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။

 

Healthcare.com.mm
Ref:
Internet a’gufwm
နေရည်ချို
Medical Guide စာအုပ်မှာ ကောက်နှုတ်ထားပါသည်။

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18