Print

မှတ်ဉာဏ်ကို ထိခိုက်စေနိုင်သော အစားအစာ ကိုးမျိုး

  25-Feb-2017
Preview Image

အစာလည်းဆေး ဆေးလည်းအစာ ဆိုရာမှာ တချို့အစား အစာတွေက သင့်မှတ်ဉာဏ်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုသလိုပဲ တချို့အစားအစာတွေကတော့ သင့်ကျန်းမာရေးကို နှောင့်ယှက်တာမျိုးတွေရှိပါတယ်။ ဖော်ပြပါအစားအစာတွေကို သင့်ကျန်းမာ ရေးအတွက်ရှောင်ပါ။

 

(၁) အဆင့်သင့် စားနိုင်သော အချို့ အစားအစာများ
များပြားလွန်းတဲ့ အလုပ်တာဝန် တွေနဲ့ လှုပ်ရှားနေရတဲ့ ဘဝထဲမှာ ဘယ်အရာကိုပဲဖြစ်ဖြစ် အမြန်ဆုံးပြီးမြောက် သွားတာကို သဘောကျတတ်ကြပါ တယ်။ အစာစားချိန်မှာတောင် ခပ်မြန် မြန်စားရတာကို သဘောကျလာတတ် ကြပါတယ်။ ရေနွေးလေးဖြောပြီး အလွယ်တကူ စားရတာကို နှစ်သက်လာ ကြပါတယ်။ လေ့လာမှုတွေအရ အသင့် ပြုလုပ်ထားတဲ့ အစာတွေကို အစားများ တာကြောင့် ဦးနှောက်ကျန်းမာရေးအ တွက် စိုးရိမ်ဖွယ်ရှိတယ်လို့ဆိုတာကြောင့် အသင့်အစားအစာတွေနဲ့ ခပ်ဝေးဝေးနေ ပါ။

 

(၂) ဖန်တီးပြုလုပ်ထားသော အစာတုများ
အရသာတူအောင် ဖန်တီးပြုပြင် ထားတဲ့ အစားအစာမျိုးတွေပါ။ အနံ့နဲ့ အရသာက တစ်ထပ်တည်းကျအောင် ဖန်တီးပြုလုပ်ထားတဲ့ အစားအစာ၊ အချို ရည်စတာတွေထဲမှာ ဓာတုဗေဒပစ္စည်း တွေ၊ ဆိုးဆေးတွေနဲ့ အနံ့တွေပါဝင်တတ် ပါတယ်။ ဒါတွေအစားများရင် သင့်ဦး နှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါ တယ်။ သဘာဝအစားအစာတွေကသာ ကောင်းမွန်မှန်ကန်တဲ့ အာဟာရကို ပေး စွမ်းနိုင်ကာ သင့်ဦးနှောက်နဲ့ မှတ်ဉာဏ် ကို အထောက်အကူပြုပါလိမ့်မယ်။

 

(၃) ငန်လွန်းသော အစားအစာများ
အရမ်းငန်လွန်းတဲ့ အစားအစာတွေ ကသင့်နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ ဆားလွန်ကဲတဲ့ အစားအစာတွေများများစားတာကြောင့် သင့်ဦးနှောက်တစ်သျှူးတွေကို ပျက်စီးစေ နိုင်တဲ့ မကောင်းကျိုးဖြစ်စေတာကြောင့် ဆားပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။

 

(၄) ပြုပြင်ထားသော ဒိန်ချဉ်
ဒိန်ချဉ်ကို ကြာရှည်ခံအောင် ပေါင်း စပ်ပြုလုပ်ထားပြီး စတော်ဘယ်ရီ၊ စပျစ် စတဲ့အသီးတွေရဲ့ ရန့ံနဲ့ ပေါင်းစပ် ပြုလုပ် ထားတဲ့ ဒိန်ချဉ်ဘူးတွေကို ပုံမှန်သောက် သုံးတာကြောင့် ဒိန်ချဉ်အစစ်လိုတူညီတဲ့ အကျိုးကျေးဇူးကို မရရှိနိုင်ဘူးလို့ လေ့ လာသူတွေက ဆိုပါတယ်။ ရေဆာနေ ချိန်မှာ ရေဆာကိုသာ ပြေစေပြီး အမှန် တကယ်တော့ အဲလိုအသင့်ပြုလုပ်ထား တဲ့ ဒိန်ချဉ်ဘူးတွေက အဆီနဲ့ ဓာတု ပစ္စည်းတွေသာ ပါဝင်တတ်တယ်လို့ဆိုပါ တယ်။

 

(၅) စွမ်းအားဖြည့် အချိုရည်များ
စွမ်းအားကို ပြန်လည်ဖြည့်တင်းပေး တဲ့ အချိုရည်တွေကို လွန်ကဲစွာသောက် သုံးတာကြောင့် သင့်ဦးနှောက်ကျန်းမာ ရေးကို ထိခိုက်စေနိုင်ပါတယ်။ ယင်းအချို ရည်တွေက အချိန်အတိုင်းအတာတစ်ခု အထိ လူကို တက်ကြွလန်းဆန်းစေကာ တာကြောင့် အဲဒီအချိန်တွင်းမှာ အလုပ် ကို အင်တိုက်အားတိုက်လုပ်မိပြီး အချိန် အတိုင်းအတာကုန်သွားချိန်မှာတော့ လူ ကိုပင်ပန်းနွမ်းနယ်နေစေတာကြောင့် သင့်ခန္ဓာကိုယ်ရော သင့်ဦးနှောက်ကိုပါ ပင်ပန်းနွမ်းနယ်နေစေပါလိမ့်မယ်။

 

(၆) ပီဇာများ
လူကြီး၊ လူငယ်မရွေးကြိုက်နှစ် သက်ကြပြီး စားချင်စဖွယ် ပြုပြင်ဖန်တီး ထားတာကြောင့် လူကြိုက်များတဲ့ ပီဇာ ကိုပုံမှန်စားမယ်ဆိုရင် သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါလိမ့် မယ်။ အဆာပြေစာစားမယ်ဆိုရင်တောင် သီးရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ပီဇာကို ရွေးချယ်ပေးပါ။

 

(၇) ထပ်ကာထပ်ကာ ကြော်ထားသော အစာများ
ဆီအများကြီးနဲ့ အထပ်ထပ်အခါခါ ကြော်ထားတဲ့ အစာတွေကို စားတာ ကြောင့် သင့်ခန္ဓာကိုယ်ကို အာဟာရ မ ဖြစ်စေတဲ့အပြင် သင့်ဦးနှောက်ကို ထိခိုက် စေနိုင်ပါသေးတယ်။ ဆီကြော်စာတွေက စားလို့ကောင်းပေမယ့် သင့်ကျန်းမာရေး ကိုတော့ လုံးဝအထောက်အကူမပြုပါဘူး။

 

(၈) ပြောင်းဖူးပေါက်ပေါက်
ပြောင်းဖူးပေါက်ပေါက်တွေကို အ ထူးသဖြင့် ရုပ်ရှင်ကြည့်ချိန်မျိုးမှာ အ များအပြား စားမိတတ်ကြပါတယ်။ ပြောင်းဖူးပေါက်ပေါက်တွေထဲမှာ ဆားနဲ့ အဆီများစွာ ပါဝင်တတ်ပြီး တချို့အသင့် ပြုလုပ်စားသောက်နိုင်တဲ့ ပေါက်ပေါက် တွေထဲမှာ ဓာတုပစ္စည်းတွေလည်းပါဝင် နေတတ်ပါတယ်။ ဒါကြောင့် အညွှန်းကို သေချာဖတ်ပြီး ဝယ်ယူပါ။

 

(၉) သကြားမျာသော အသုပ်များ
ဟင်းရွက်သုပ်တွေက သင့်ကျန်းမာ ရေးကို အထောက်အကူပြုတယ်ဆိုပေ မယ့် အဆီအများကြီးထည့်ပြီး၊ သကြား များစွာပါဝင်တဲ့ အသုပ်တွေကတော့ သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ဟင်းရွက်သုပ်တွေကို သံလွင် ဆီအနည်းငယ်ထည့်သုပ်ပေးပြီး ရှလကာ ရည်အနည်းငယ်သုံးပေးတာက သင့် ကျန်းမာရေးကို အထောက်အကူပြုပါ တယ်။ 

 

Healthcare.com.mm
Ref:
သဲသဲ
By Good Health

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18