ကြက်သွန်ဖြူကို ဘာကြောင့် အစိမ်းလိုက် စားသင့်လဲဆိုတာ
30-Oct-2016
ကြက်သွန်ဖြူဟာ အမွှေးအကြိုင်ကဲပြီး အစားအသောက်များနဲ့ ဟင်းလျာများကို အနံ့အရသာနဲ့ ပြည့်စုံစေတယ်ဆိုတာထက် ပိုပါတယ်။ ဒါကို ရောဂါဘယတွေ ကုသဖို့နဲ့ ကျန်းမာရေး ထိန်းသိမ်းဖို့အတွက်လည်း သုံးကြတယ်။ ကြက်သွန်ဖြူရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးအာနိသင်တွေဟာ နှလုံးသွေးကြောစနစ်အတွက် ထိရောက်တဲ့အာနိသင်တွေဖြစ်တဲ့ allicin ခေါ် သူ့ရဲ့ သဘာဝပါဝင်ပစ္စည်းများကြောင့် ဖြစ်ပါတယ်။
ကြက်သွန်ဖြူမှာ အရေးပါတဲ့ ဗီတာမင်ဓာတ်များ၊ အာဟာရဓာတ်များ၊ အင်ဇိုင်းများနဲ့ အမိုင်နိုအက်ဆစ်တို့လည်း ပါဝင်တယ်။ ကြက်သွန်ဖြူကို ကြော်လှော်၊ ချက်ပြုတ်လိုက်တဲ့အခါ သူ့ရဲ့ allicin အာနိသင် ပျက်ပယ်သွားပါတယ်။ Allicin ဟာ ကျန်းမာရေး အကျိုးကျေးဇူးအများဆုံး ရရှိစေတဲ့ ကြက်သွန်ဖြူရဲ့ အရေးကြီးပါဝင်ပစ္စည်းတွေဖြစ်ပါတယ်။ ကင်ဆာရောဂါလည်း ကာကွယ်ပေးတယ်။ ကြက်သွန်ဖြူကို ဝါးလိုက်တဲ့အခါ သို့မဟုတ် လှီးလိုက်တဲ့အခါမှာ အင်ဇိုင်းအလီနစ်တွေ ထွက်ပါတယ်။
မစားခင် ကြက်သွန်ဖြူကို အနည်းဆုံး ၅- ၁၀ မိနစ် နေရောင်နဲ့ ထိစေဖို့ အကြံပြုထားပါတယ်။
ကြက်သွန်ဖြူကို အစိမ်းလိုက် နေ့တိုင်း စားပေးပါက ရရှိမယ့် အကျိုးကျေးဇူးတွေမှာ -
၁။ ကင်ဆာရောဂါ ကာကွယ်ပေးတယ်။
၂။ ဦးနှောက်သွေးကြောကောင်းမွန်စေတယ်။
၃။ ကိုယ်ခံအား မြင့်စေတယ်။
၄။ အရိုးအဆစ်များ ကျန်းမာသန်စွမ်းစေတယ်။
၅။ အင်တီအောက်ဆီဒင့် ပမာဏများပြားလာစေပါတယ်။
Healthcare.com.mm
Ref:
Myawady Health
September 21 •2015
Source:
Trend Myanmar
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

