Print

သွေး အမျိုးအစား အလိုက် စားသင့်သော အစာများ

  30-Oct-2016
Preview Image

သင့် ရဲ့ သွေး အမျိုး အစားပေါ် မူတည်ပြီး သင့်ကျန်းမာရေးအတွက် သင့်တော် တဲ့ အစားအသောက်တွေ ရှိ ပါတယ်။

 

အိုသွေး ပိုင်ရှင် တို့ အတွက် သင့်တော်သော အစာ

ပရိုတင်းများပြီး ကာဘိုဟိုက်ဒရိတ်နည်းတဲ့ အသားကို စားပါ။ အေရိုးဗစ်လေ့ကျင့်ခန်း ပြုလုပ်ပါ။ ဂျုံထက် တခြားကောက်နှံစာ အများစု ကို စားသင့်ပါတယ်။သွေးအမျိုးအစားလိုက် သင့်တော်မှန်ကန်စွာ မစားသောက်ရင် အစာအိမ်နာနဲ့ အဆစ်ရောင်နာလို ရောင်ရမ်းမှု ဝေဒနာတွေ ဖြစ်နိုင်ခြေ တိုးစေပါတယ်။

 

အေသွေး ပိုင်ရှင် တို့အတွက် သင့်တော်သော အစာ

ကာဗိုဟိုက်ဒရိတ် များပြီး အဆီနည်းတဲ့ အစာ၊ အထူးသဖြင့် သတ်သတ်လွတ် အစာကို စားသင့်ပါတယ် ။ ယောဂကျင့်တာ၊ ဂေါက်သီးရိုက်တာ စတဲ့ ညင်သာတဲ့လေ့ကျင့်ခန်းတွေ လုပ်ဆောင် သင့်ပြီး စိတ်ဖိစီး မှုကို ဖြေရှင်းနိုင်ဖို့ တရားထိုင်သင့်ပါတယ်။ တကယ်လို့ အစားအသောက် ကို သင့်သွေး အုပ်စု အလိုက် သင့်တော် ညီညွတ်အောင် မစားနိုင်ရင် ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

 

ဘီသွေး ပိုင်ရှင်တို့ အတွက် သင့်တော်သော အစာ

ဘီသွေး ပိုင်ရှင်တွေအနေနဲ့ အသားကို များများ စားသင့်သလို နို့နဲ့ နို့ထွက် ပစ္စည်းတွေကို လည်း စားသင့်ပါတယ်။ ရေကူး တာ၊ လမ်းလျှောက်တာ တို့လိုလေ့ကျင့်ခန်း ကို လုပ်ဆောင်သင့် ပါတယ် ။ သွေးအုပ်စု အလိုက် မှန်မှန်ကန်ကန် မစားသောက် ရင် အာရုံကြော စနစ်ကို တွန်းလှန်ပေးနိုင်တဲ့ ဗိုင်းရပ်စ်တွေ ကို တိုးစေနိုင်ပါတယ်။

 

အေဘီသွေး ပိုင်ရှင်တို့ အတွက် သင့်တော်သော အစာ

အေဘီသွေး ပိုင်ရှင်တွေ အနေနဲ့ သွေး အမျိုးအစား အေ နဲ့ ဘီ အတွက် စားသင့် တဲ့ အစားအသောက်တွေကို စားနိုင်ပါတယ်။ ပြီးရင် အပန်းပြေ အနားရနိုင်တဲ့လေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။ ကိုယ်ခံစွမ်းအားစနစ် ကောငး်မွန်နေပါလိမ့်မယ်။

 

ဖိုးသူတော် (www.phothutaw.com)

Credit : ကြယ်စင်

ကျန်းမာရေး. စားသောက်ဖွယ်ရာ. ဗဟုသုတ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18