Print

နှာတံလေးစင်းနေအောင် လုပ်နည်း

  01-Mar-2017
Preview Image

 

လူတယောက်သွင်ပြင်မှာ နှာခေါင်းနဲ့နှာတံပုံစံကလည်း အရေးကြီးတယ် ။ နှာတံလေး စင်းနေတဲ့သူက ကြည့်ကောင်းတတ်တယ်။ အနောက်တိုင်းသူတွေရဲ့အလှ နှာတံစင်းတာ လည်းပါမယ်။ အာဖရိကနဲ့ အာရှနွယ်ဝင်အချို့က နှာခေါင်းပြားတယ်။ ဒါ့ကြောင့် ကြည့် မကောင်းဘူး။ ဒီတော့ နှာတံလေး ဖြောင့်စင်းအောင် ဘယ်လိုလုပ်မလဲ။ လုပ်ရမယ့် လေ့ကျင့်ခန်းကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

 

(ပထမအဆင့်)
မျက်နှာကို အရင်ဆုံးပြုံးထားပါ။ စိတ်ကိုကြည်လင်နေပါစေ။ မေးရိုးနဲ့ ပါးစပ်ပေါက် ကို အောက်ဆွဲချပြီး ပါးစပ်ကို စုထားပါ။ နှာတံကကျဉ်းပြီး စင်းနေတယ်လို့ မိမိကိုယ်ကို သဘောထားလိုက်ပါ။လက်ညှိုးသုံးပြီး နှာနုထိပ်ဖျားကနေ အထက်တွန်းတင်ပါ။ ကျန်တဲ့ လက်ညှိုးနဲ့ လက်မကို သုံးပြီး နှာဖျားကို အောက်ဖိထားပါ။ တခါလုပ် အကြိမ်သုံးဆယ်၊ တနေ့(၂)ကြိမ် လုပ်သင့်တယ်။ 

 

(ဒုတိယအဆင့်) 

လက်ညှိုးတချောင်းဆီကို နှာခေါင်း တဖက်တချက်စီ တင်ထားပါ။ ပြီးရင် နှာခေါင်းပေါက် ကို လက်ညှိုးနဲ့ တချက်ချင်းဆီဖိပြီး ထိပေးပါ။ (၁၀)ကြိမ်လုပ် ပြီးရင် လက်ညှိုးနှစ်ချောင်းကို တြိဂံပုံထိပြီး နှာခေါင်းရိုးပေါ်တင်ပါ။ အောက်ကို (၁၀)ကြိမ်ခန့် ဖိဆွဲပါ။ ဒီနည်းက နှာခေါင်းပွ သူတွေအတွက် အဆင်ပြေတဲ့နည်းဖြစ်တယ်။

 

(တတိယအဆင့်) 
လက်ညှိုးနဲ့လက်မကို သုံးပြီး နှာရိုးနုအပေါ် တင်ထားပါ။ ပြီးရင် ဖိအားနည်းနည်းနဲ့ ညှစ်ပြီး အောက်ဆွဲချပါ။ လက်ညှိုးနဲ့လက်မသုံးပြီး နှာတံ အောက်ခြေကနေပွတ်ပြီး အထက်ကိုပြန်ဆွဲပါ။ ပြီးရင် လက်ခလယ်သုံးပြီး နှာတံကို အပေါ်ကနေ အောက်ဖက် ပြန် ဆွဲချပါ။ းတရက်ကို အကြိမ်(၅၀)လုပ်ပါ။ နှာခေါင်းရိုးတဖက်တချက်ကို လက်ညှိုးနဲ့ စက်ဝိုင်းပုံဖိပြီး နှိပ်ပေးတာလည်း ကောင်းတယ်။ ဒီလေ့ကျင့်ခန်းက နှာတံဘေးမှာ ရှိတဲ့ မျက်နှာအရေးအကြောင်းတွေကို သက်သာစေတယ်။

 

(စတုတ္ထအဆင့်)
နှာတံအတွက် အသက်ရှုနည်း တခုရှိပါတယ်။ နှာခေါင်းတဖက်က်ို ပိတ်ပြီး တခြားနှာခေါင်းပေါက်နဲ့ အသက်ရှုသွင်းပါ။ (၄)စက္ကန့်ကြာပါစေ။ ပြီးရင် ကျန်နှာခေါင်းပေါက် တဖက်ကို ပိတ်ပြီး စောစောကပိတ်တဲ့ဖက်ကိုဖွင့်ပါ။ (၈)စက္ကန့်ကြာ ရှုထုတ်ပါ။ ဒီနည်းအတိုင်း တရက်ကို ၅မိနစ်ကြာအောင် ညစဉ်လုပ်ပါ။ 

 

(ပဥ္စမအဆင့်) 
ပါးစပ်ကို "O" အို-ပုံစံ လုပ်ပြီး မျက်လုံးကို မှိတ်ပြီး အထက်ကို ကြည့်ပါ။ရင်ဘတ် ကို မောက်ပြီး ခေါင်းကို နောက်လှန်ချပါ။ ဒီနည်းက မျက်နှာကြွက်သား အားလုံးကို တင်းရင်းစေပြီး နှာတံသာမက မျက်နှာမေးရိုးကိုပါ သွယ်လျစေပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ဒေါက်တာ အေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18