Print

အကြည့်ရဆိုးစေတဲ့ အလှပြင်မှားယွင်းနည်း (၆)မျိုး

  25-Feb-2017
Preview Image

လူတွေဘာကြောင့် အလှပြင်ကြသလဲ? အဖြေက ရိုးရိုးလေးနော်…လှချင်လို့ပါ။ လှသထက်လှအောင် အလှပြင်ကြသော်လည်း အလှပြင်နည်း မှားယွင်းခြင်းက အရုပ်ဆိုး အကျည်းတန်စေလို ့ အောက်ပါ (၆) ရပ်ကို လေ့လာရင်း အချိန်မှီပြုပြင်နိုင်ကြပါစေကြောင်း။

 

(၁) တပြေးတည်းအရောင်တင်ခြင်း။

အလှပြင်တယ်ဆိုတာ ဆေးရောင်စုံ ပန်းချီခြယ်သတဲ့ အနုပညာတစ်ရပ်လေးပါ။ အလှပစ္စည်းတွေကို ကာလာတစ်ရောင်တည်းသုံးခြင်းက သွေးဆုတ်နေတဲ့ လူမမာ ပုံပေါ်နေပါတယ်။ အောက်ခံမိတ်ကပ်ကို မိမိအသားအရေအရောင်ထက် ကာလာ ၁-ခု ပိုရင့်တဲ့ အရောင်သုံး၍၊ ကရင်မ်ပပ်ဖ်ကိုတော့ ထိုမိတ်ကပ် အရောင်ထက် ကာလာ ၁-ခု ပိုတာကို သုံးပါ။ ပါးနီကို မိတ်ကပ်အရောင်ထက် ကာလာ ၂-ခု ပိုရင့်တဲ့ အရောင်ကို သုံးပြီး မျက်ခုံး၊ မျက်လုံး၊ နှုတ်ခမ်းတို့ကို သင့်တော်သလို အရောင်တင်ပေးခြင်းဖြင့် မျက်နှာတပြေးတည်း အရောင်မဖြစ်စေတော့ပါဘူး။

 

(၂) concealer အရောင်မှားသုံးခြင်း။

မျက်ကွင်းညိုများ၊ ပါးမို့မို့ပေါ်က အမဲစက်ပြောက်ရှိသူများနှင့် သက်ကြီးပိုင်းပေါ်လာတဲ့ မျ က်နှာပေါ်က အမဲအကွက်လေးများ မသိသာစေဖို့အတွက် concealer သုံး၍ အလှပြင်ကြရပါတယ်။ သို့သော် သုံးသင့်တဲ့ အရောင်ထက် ဖျော့သော(သို့မဟုတ်) ပိုရင့်သော concealerကို မှားယွင်းစွာမသုံးမိဖို ့ အရေးကြီးပါတယ်။ အသင့်တော်ဆုံး concealer ကတော့ မိမိပင်ကိုယ်အသားအရေထက် ကာလာအရောင် ၁-ခု (သို့မဟုတ်) ၄င်းထက်ပိုနုသော အရောင်ကို သုံးပေးပါ။

 

(၃) အိုင်းလိုင်နာ အမည်းရောင်သုံးခြင်း။

လူတိုင်းက အိုင်းလိုင်နာ အမည်းရောင်နှင့် မလိုက်ဖက်ကြပါဘူး။ အကယ်၍ အိုင်းလိုင်နာ အမည်းရောင်ကို သုံးဖို့လိုအပ်တဲ့အခါ waterproof eyeliner စာတန်းပါ တဲ့ ရေစိုခံအမျိုးအစားကိုသာ ရွေး၍ အောက်မျက်ခမ်း မျက်တောင်လိုင်းတလျှောက် နေရာ ကိုသာ အိုင်းလိုင်နာ ခပ်ဖွဖွဆွဲပေးပါ။ အိုင်းလိုင်နာတွေ အများကြီးသုံးမိတဲ့အခါ၊ အရောင်တွေဘေးပြန် ့ပြီး ဝက်ဝံမျက်လုံးသဖွယ် အကြည့်ရဆိုးပါတယ်။

 

(၄) ကရင်ပပ်ဖ်(သို့မဟုတ်) ပေါင်ဒါတွေ အသုံးများခြင်း။

ကရင်ပ်ဖ်(သို ့မဟုတ်) ပေါင်ဒါတွေ အထူကြီးလိမ်းတဲ့အခါ၊ ချောကလက်မှိုတက်နေ သလိုမျိုး မျက်နှာ အသားအရေ ကြမ်းတမ်းတဲ့ပုံ ပေါ်စေပါတယ်။ ဒါပြင် အရွယ်အိုရုပ်ရင့်နေတဲ့ အသွင် ဆောင်သွားပါတယ်။

 

(၅) အောက်ခံကရင်မ် မသုံးစွဲခြင်း။

မိတ်ကပ်မလိမ်းခင် နို့ရည်(သို ့မဟုတ်) အောက်ခံကရင်မ်ကို မဖြစ်မနေသုံးပေးခြင်း အားဖြင့်၊ မိတ်ကပ်လိမ်းတဲ့အခါ ညက်ညောပြေပြစ်မှုရှိတာကြောင့် အသားအရေ လျော့ရဲခြင်း၊ အရေးကြောင်းထင်တာတွေ ဖြစ်ခြင်းမှ သက်သာစေပါတယ်။ ဒါပြင် မျက်နှာ အသားအရေနှင့် ဓာတုမိတ်ကပ်တွေ တိုက်ရိုက်မထိတွေ့နိုင်တော့လို ့ အသားအရေ မပျက်စီးစေတော့ပါဘူး။ SPF နှင့် moisturizer ပါတဲ့ အောက်ခံကရင်မ်မျိုးက မည်သည့် အသားအရေအတွက်မဆို သင့်တော်ပါတယ်။

 

(၆) အိုင်းလိုင်နာအရောင် ရွေးချယ်မှု မှားယွင်းခြင်း။

အသားဖြူလွန်းသူများက ကြေးနီရောင် (သို ့မဟုတ်) ရွွှေဝါရောင်ဆန်ဆန် အိုင်းလိုင်နာကို ရွေးချယ်မိတဲ့အခါ၊ ဖြူရော်ရော်ဖြစ်ကာ မျက်စေ့အားနည်းနေတဲ့ ပုံပေါ်စေ ပါတယ်။ အသားအလွန်ညိုမှောင်သူများအဖို ့ ငွေမှင်ရောင် အိုင်းလိုင်နာသုံးခြင်းက ကြီးစွာသောအမှားကို ပြုမိပြီလို ့မှတ်ယူပါလေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပေါက်ပေါက်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18