Print

မိတ်ကပ် မလိုဘဲ လှပအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ

  25-Feb-2017
Preview Image

အပြင် သွားခါနီးပြီဆိုရင် မိတ်ကပ်တွေကို အချိန်ကုန်ခံပြီး လိမ်းရပါတယ်။ ဒါကြောင့် မိမိ စိတ်ဟာလည်း မိတ်ကပ်မလိမ်းရင် မလှဘူးလို့ တွေးတောမိနေပါလိမ့်မယ်။ သို့သော် ပျိုမေများ အဖို့ မိတ်ကပ်မလိမ်းသော်လည်း လှပအောင် လုပ်နိုင်မယ့် နည်းလေးတွေကို မျှဝေလိုက်ရပါတယ်။

 

၁။ မိတ်ကပ် မလိမ်းလည်း လှတယ်ဆိုတဲ့ စိတ်ကို မွေးမြူပါ

အပြင်ကို သွားတဲ့အခါ မိတ်ကပ် မလိမ်းခဲ့ရင် မလှဘူးဆိုတဲ့ အတွေးမျိုးကို ဖျောက် လိုက်ပါ။ ပြီးတော့ မိတ်ကပ် မသုံးဘဲလည်း ငါ့မျက်နှာလေးက လှနေမှာပါဘဲလို့ အသိစိတ် ထဲမှာ အမြဲမွေးမြူပါ။ မိမိကိုယ်ကိုယ် ယုံကြည်မူ ရှိဖို့က တစ်ခု အပါအဝင်ဖြစ်ပါတယ်။

 

၂။ အသားအရေ လှအောင် လုပ်ပါ

လူတစ်ယောက် အတွက် အသားအရေ လှဖို့က အလွန် အရေးကြီးပါတယ်။ အသားအရေ လှနေပြီဆိုရင် အပြင်သွားတဲ့အခါမှာ မိတ်ကပ်တွေ အချိန်ပေးပြီး လိမ်းဖို့ သိပ်မလိုပါဘူး။ အသားအရေ လှစေမယ့် အလှကုန်တွေ သုံးနိုင်ပါတယ်။ပြီးတော့ ကျန်းမာရေး လိုက်စားပါ။ လေ့ကျင့်ခန်း လုပ်ပါ။ အသားအရေ ကြည်လင်ဝင်းပ လာပါလိမ့်မယ်။

 

၃။ သဘာဝက ပေးထားတဲ့ မျက်ခုံးမွေးရှိပြီသား

လူတိုင်း လူတိုင်းမှာ သဘာဝ အတိုင်း ဖြစ်လာတဲ့ မျက်ခုံးမွေး ရှိပြီးသားပါ။ ဒါကို ထပ်ပြီး ခြယ်သကြပါတယ်။ တကယ်တော့ မိမိ မျက်ခုံးမွေးကို အပြင်သွားခါနီးမှ ခြယ်သဖို့ မလိုပါဘူး။ အရင်တည်းက မျက်ခုံးမွေး ပုံဖော်ခြင်း၊ မျက်ခုံးမွေးကို ပါးသူတွေထူလာအောင် လုပ်မယ့်နည်းလေးတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါဆိုရင် သီးသန် ့ပြင်ဆင်စရာ မလိုတော့ပါ။

 

၄။ မိမိနဲ့ မတည့်တဲ့ အလှကုန် ပစ္စည်းတွေရှောင်

မိမိနဲ့ မတည့်တဲ့ အလှကုန် ပစ္စည်းများကို သုံးစွဲမိတဲ့အခါမှာ မျက်နှာမှာ အဖုတွေ အမာရွတ်တွေ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။ ဒါဆိုရင် အပြင်သွားတဲ့ အခါမှာ မိတ်ကပ်ကို သုံးရပြီပေါ့။ ဒါကြောင့် မိတ်ကပ် မလိမ်းဘဲ လှပနေအောင် မတည့်တဲ့ အလှကုန်တွေကို မသုံးပါနဲ့။

 

၅။ အစားပုံမှန်စား၊ ရေများများသောက်

အစားအစာတွေကို စားတဲ့အခါမှာလည်း အသီးအရွက်များကို စားပေးသင့်ပါတယ်။ ဒါမှသာ အသားအရေနှင့် ခန္ဓာကိုယ် အတွက် လိုအပ်သောဓာတ်များကို ရရှိစေမှာ ပါ။ ရေသောက်ခြင်းဟာလည်း ဒီလိုပါပဲ။ မိတ်ကပ် မလိုဘဲ လှပအောင် ဒီအချက်လေးတွေ ကိုလည်း ဂရုစိုက်သင့်ပါတယ်။

 

၆။ ဆံပင်ပုံစံ

အရာအားလုံး အဆင်ပြေနေသော်လည်း ဆံပင်က ကြည့်မကောင်း ဖြစ််နေရင်လည်း အဆင်မပြေ ပြန်ပါဘူး။ ဆံပင်ဆိုတာ လူတစ်ယောက် အတွက် အရေးကြီးပါတယ်။ ဒါကြောင့် မိမိ၏ ဆံပင်ကို ဆွဲဆောင်မူရှိအောင် ပြင်ဆင်လိုက်ပါ။

 

၇။ အပြုံး

လှပ နေသော်လည်း အပြုံးဆိုတဲ့ အရာလေး မရှိရင် ရုပ်ဆိုးလှပါတယ်။ ဒါကြောင့် ပြုံးပါ ရယ်ပါ။ ဒါမှ မိမိဟာ အရာအားလုံး ပြည့်စုံပြီး မိတ်ကပ် မလိုဘဲ လှပသူ တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Yoyar Lay

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18