Print

ဝဿန်မိုးကြောင့် ပျိုမေများ၏ အလှအပ မပျက်စီးစေချင်

  25-Feb-2017
Preview Image

မိုးတွင်းမှာ ပျိုမေတို့ရဲ့ အလှအပ အသုံးအဆောင် ပစ္စည်းတွေပဲ ဖြစ်ဖြစ်၊ အဝတ်အစားတွေ ပဲဖြစ်ဖြစ် အသုံးပြုတာ အဆင်ပြေ ချောမွေ့ချင်မှ ချောမွေ့ပါလိမ့်မယ်။ မိုးတွင်းမှာ ပျိုမေတို့ အနေနှင့် သတိ ပြုစရာများကို ဖော်ပြပေးလိုက်ပါတယ်။

 

မိတ်ကပ်
နေ့စဉ် ကိုယ် လိမ်းနေကြ မိတ်ကပ်တွေဟာ ရာသီဥတုကြောင့် စိုစွတ်တာပဲ ဖြစ်ဖြစ်၊ အစိုဓာတ် ထိုင်းမှိုင်းတာပဲ ဖြစ်ဖြစ် ဖြစ်လာနိုင်တာမို့ ဂရုတစိုက် ကြည့်ရှုပြီး လုပ်သင့်ပါတယ်။ ဓာတ် ပြောင်းလဲမှုကြောင့် မိတ်ကပ်ရဲ့ အရည်အသွေးပိုင်း ဆိုင်ရာဟာ ပြောင်းလဲ စေနိုင်ပါတယ်။ မိတ်ကပ် အများစုဟာ အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားရပါတယ်။ ဒီလို အရည်အသွေး ပြောင်းလဲမှုတွေ ဖြစ်လာတတ်တာမို့ လိမ်းခြယ်လိုက်တဲ့ ပျိုမေတွေ အနေနဲ့ အန္တရာယ် ကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားမှာမို့ ပါပဲ။ ဒါကြောင့်မို့ မိတ်ကပ်ပိုင်း ဆိုင်ရာ သုတေသန ပညာရှင် အချို့က မိတ်ကပ်တွေကို အနည်းဆုံး သုံးလ မှ အများ ဆုံး ခြောက်လ အထိသာ သုံးစွဲ စေချင်တာပါ။

 

တို့ပတ် (ဖော့) နဲ့ ဘရက်ချပ် (Brush)
မိုးတွင်း ဖြစ်တာကြောင့် တို့ပတ် (ဖော့) နဲ့ ဘရက်ချ် (Brush) တွေဟာ စိုထိုင်း ဆ မြင့်မားတတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ အလှပြင် ပစ္စည်း မှန်သမျှကို ဂရုတစိုက် သေချာ ကြည့်ပြီးမှ သုံးစွဲသင့်ပါတယ်။ တို့ပတ် (ဖော့) ပဲဖြစ်ဖြစ်၊ ဘရက်ချ် (Brush) ပဲဖြစ်ဖြစ် ဗက်တီးရီးယားတွေဟာ စိုထိုင်းမှုကြောင့် ပေါက်ဖွားမှုနှုန်း များပြားစေပါတယ်။

 

အများအားဖြင့် ပျိုမေတို့တွေ အသုံးပြုတာက အလွယ်တကူ အသုံးပြုလို့ရတဲ့ တို့ပတ် (ဖော့) ကိုပါပဲ။ သူ့ကို အမြဲ အသုံးပြုနေတာကြောင့် ကိုယ့်ရဲ့ တို့ပတ် (ဖော့) ဟာ ဘယ်လောက် ထိ သန့်ရှင်းလဲ၊ ရေစိုနေလား ဆိုတာ ဂရုစိုက်သင့်ပါတယ်။

 

ကိုယ့်မျက်နှာမှာ မိုးရေစက်တွေ ကလည်း စိုစွတ်နေမယ်၊ ချွေးတွေ ကလည်း ထွက်နေမယ်၊ အဆီ တဝင်းဝင်းလည်း ဖြစ်နေမယ် ဆိုရင်တော့ လိမ်းပြီးသား မိတ်ကပ်ကို ချက်ချင်း ဖျက်ပစ်ဖို့ မနှမြောသင့်ပါဘူး။ ဘာလို့လည်း ဆိုတော့ ရေနဲ့ အစိုဓာတ်ရယ်၊ မျက်နှာက အဆီနဲ့ ချွေးတွေရယ် ကြောင့် ကိုယ် လိမ်းထားတဲ့ မိတ်ကပ်ဟာ အဲဒီအချိန်မှာ ဗက်တီးရီးယားတွေ ပေါက်ဖွားနေတဲ့အပြင် တို့ပတ်နဲ့ ထပ်မံ ထိလိုက်ရင် ကိုယ့်မျက်နှာ ပျက်စီးသွားမှာပါ။

 

ဒါကို မသိဘဲ ပျိုမေတို့ အဲဒီ တို့ပတ် (ဖော့) ကို သုံးလိုက်မယ် ဆိုရင်တော့ ကိုယ့်ရဲ့ မျက်နှာပြင်မှာ ညှင်းလို အကွက်တွေ ထွက်လာမယ်။ နောက်ပြီး အနီကွက် (သို့) အရေပြား ယားယံမှုတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆုံး မျက်နှာ ညစ်ညမ်းလာပြီး ဝက်ခြံများ ထွက်လာကာ မျက်နှာ အလှကို ပျက်စီးစေတာပါပဲ။ ဒါကြောင့်မို့ တို့ပတ် (ဖော့)နဲ့ ဘရက်ချ် (Brush) တို့ကို သေချာကြည့်ပြီးမှ သုံးပါ။ အခုလို ကြုံကြိုက်လာရင်တော့ အသစ်တွေကိုသာ သုံးသင့်ပါတယ်။

 

ဆံပင်စတိုင်

မိုးတွင်း ဖြစ်တာကြောင့် ပျိုမေတို့ရဲ့ ဆံပင်တွေ ဘယ်လိုပဲ စတိုင်လုပ်လုပ် ပျက်မှာပါပဲ။ ဒါကြောင့် ရိုးရှင်းစွာပဲ ကိုယ့်ဆံပင်ကို ထားပြီး Spray ဖျန်းတာတွေ Gel သုံးတာတွေကို ရှောင်ရှားသင့်ပါတယ်။ မိုးရေကြောင့် စိုသွားတဲ့ဆံပင်ကို ပြန် လည် ခြောက်သွေ့အောင် မျက်နှာ သုတ်ပဝါနှင့် ခပ်ကြမ်းကြမ်း သုတ်ပေးမယ်ဆိုရင် ဆံသားတွေ ကြေမွသွားမှာပါပဲ။

 

ဆံပင်ခြောက်ခံစက်(Hair dryer) ကို အသုံးပြုမယ်ဆိုရင်တော့ အပူပေးတဲ့ ခလုတ်ကို အသုံးမပြုဘဲ အအေးဘက်ပေးတဲ့ ခလုတ်ကို အသုံးပြုသင့်ပါတယ်။ အပူကြောင့် ပျိုမေတို့ရဲ့ ဆံပင် သန်စွမ်းမှု ကို ရပ်တန့်စေနိုင်သလို ဦးရေပြား ခြောက်သွေ့မှုကို လည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ဆံပင်ခြောက်ခံတဲ့ ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် ဦးရေပြားနှင့် ကွာအောင် ဆံပင် အခြောက်ခံစက်ကို အလှမ်းဝေးစွာ ထားပြီး အသုံးပြုသင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဘုန်းနေလ -ဒဂုံတက္ကသိုလ်
Health for all magazine, June 2015, No.101, Pg. 48-49



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18