Print

အရှိအတိုင်း သဘာဝဆန်ဆန် လှပစေရန်

  25-Feb-2017
Preview Image

မိန်းကလေးအများစုဟာ အချိန်ကုန်၊ ငွေကုန်ခံပြီး ဆံပင်နဲ့ မျက်နှာကို သဘာဝမဟုတ်တဲ့့ အလှပြင်ပစ္စည်းတွေနဲ့ နေစဉ်ပြင်ဆင်ခြယ်သ တတ်ကြပါတယ်။ ဒီလိုပြင်ဆင် ခြယ်သရာမှာ သင့်အရေပြားကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက် မှု ပေးနိုင်ပြီး အရှိအတိုင်း သဘာဝကျကျ လှပစေဖို့ လိုပါတယ်။

 

(၁) သဘာဝကျကျပြင်ဆင်ပါ။

အောက်ခံမိတ်ကပ်ကို ပါးပါးပေါ်မှာ ပေါင်ဒါမှုန့် အနည်းငယ်ဖို့ပြီး မျက်လုံးကို လိုင်နာဆိုးတာ၊ မျက်တောင်ကော့ပေးတာတွေ ပြုလုပ်ပြီး ပန်းနုရောင်နှုတ်ခမ်းဆိုးပေးပါ။ သဘာဝကျကျလှပတဲ့ အသွင်အပြင်ကို ရရှိစေပါတယ်။

 

(၂) လိုက်ဖက်သော ဆံပင်ပုံစံပြင်ဆင်ပါ။

ဆံပင်ပုံစံကလည်းသင့်ရဲ့အလှအပကို ပြည့်စုံစေဖို့ ဖြည်းဆည်းပေးပါတယ်။သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင် ဖြစ်စေဖို့ ကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။ ဆံပင်ကို အပူပေးပြီး မကြာခဏ ပြင်ဆင်တာတွေကို ရှောင်ရှားပြီး သဘာဝကျကျ ပြင်ဆင်ပါ။

 

(၃) အိပ်ရေးဝဝ အိပ်စက်ပါ။

အိပ်စက်တဲ့အလေ့အထကို ပုံမှန်ဖြစ်အောင်လုပ်ပါ။ညအိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစွာ အိပ်စက်တာက သင့်ကို တစ်နေ့တာလုံး အားအင်ပြည့်ဝ လန်းဆန်းနေစေ ပါတယ်။အိပ်ပျက်များတာကြောင့် မကြည်မလင်နဲ့ သင့်ရဲ့လှပမှုကို မှေးမှိန်စေပါတယ်။ တစ်ညကို အိပ်ချိန် အနည်းဆုံး ၆ - ၈ နာရီရရှိအောင်အိပ်စက်ပါ။ ကြည်လင်ရှင်းသန့်နေတဲ့ သင့်မျက်နှာက သဘာဝအတိုင်း ကြည့်ကောင်းနေစေပါတယ်။

 

(၄) အာဟာရမျှတစွာစားသုံးပါ။

အာဟာရပြည့်ပြည့်ဝဝ စားသုံးတာကလည်း သင့်ကို သဘာဝကျကျလှပမှုအတွက် အရေးပါတဲ့ အချက်တစ်ချက်ပါ။ ရေများများသောက်ပေးပါ။ အဆီများတဲ့အစားအစာ ကို ရှောင်ရှားပြီး အာဟာရညီညွတ်မျှတစွာ စားသုံးပါ။

 

(၅) လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ပါ။

လေ့ကျင့်ခန်းလုပ်တာက အရေပြားအတွင်း သွေးလှည့်ပတ်မှုကို ပိုမိုကောင်းစေပြီး အသားအရေစိုပြေစေကာ သဘာဝကျကျ လှပနေစေပါတယ်။ စိတ်ဖိစီးမှုကို လည်း ပြေလျော့စေတာကြောင့် စိတ်ကြည်လင်လန်းဆန်းမှုကို ရရှိစေပါတယ်။

 

Healthcare.com.mm


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18