Print

လည်ပင်းအရေပြားမပျော့တွဲစေဖို့အတွက်

  25-Feb-2017
Preview Image

အခုဖော်ပြပေးမယ့် လည်ပင်းအရေပြားအတွက် လေ့ကျင့်ခန်းကို နံနက်၊ ညမှာ တစ်ကြိမ်စီ ပြုလုပ်ပေးရပါလိမ့်မယ်။ အဲဒီ လေ့ကျင့်ခန်းကတော့ …

 

၁။ ပါးစပ်မှ O (အို) ဟု အသံထွက်ပါမယ်။ ဒီလိုပြုလုပ်ရာမှာ လည်ပင်းကြောတွေအထိပါ အားစိုက်ပြီး အကြိမ် ၂၀ လောက် ခပ်ဖြည်းဖြည်း ပြုလုပ်ပေးသွားပါတယ်။

 

၂။ ပြီးတဲ့အခါ ညာဘက်လက်ကို လည်ပင်းအပေါ် တင်ရပါမယ်။ အဲဒီနောက် ဦးခေါင်းကို အနောက်ဘက် လှန်လိုက်ပါ။ အဲဒီအချိန်မှာ ညာဘက်လက်က လည်ပင်းအရေပြား ကို အောက်ဘက်သို့ ဆွဲချပေးရပါမယ်။ အကြိမ် ၂၀ ပြုလုပ်ပေးပါ။

 

၃။ နောက်ထပ်တစ်မျိုးကတော့ လည်ပင်းအရေပြားကို ညာဘက်လက်နဲ့ ထိကိုင်ထားရ ပါမယ်။ ပြီးတဲ့အခါ ဦးခေါင်းကို ဘယ်နှင့်ညာသို့ တစ်လှည့်စီလှည့်နေတုန်း လက်ကနေပြီး လက်ပင်းအရေပြားကို ဆွဲချပေးရပါမယ်။ ဒီလိုမျိုးကိုလည်း အကြိမ် ၂၀ ပြုလုပ်ပေးရ ပါလိမ့်မယ်။

 

၄။ အဲဒီနောက် ပက်လက်လဲလျောင်းရပါမယ်။ ဦးခေါင်းတစ်ခုတည်းကိုပဲ ကြွပြီး ဘယ်ညာ လှည့်ပေးရပါမယ်။ ဒါဟာလည်း အကြိမ်၂၀ ပါပဲ။ ဒီလိုပြုလုပ်တာဟာ မျက်နှာပြင်အရေပြား တင်းရင်းဖို့အတွက်ပါ အထောက်အကူ ပြုပါလိမ့်မယ်။

 

၅။ လည်ပင်းကြွက်သားတွေ သန်မာစေမယ့် နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ ပါးစပ်မှ အင်္ဂလိပ်စာလုံး a.e.i.o.u ကို တစ်လုံးစီ ပါးစပ်မပိတ်ဘဲ ဆက်တိုက်ရွတ်ရပါမည်။ ဒါဟာအကြိမ် ၂၀ အထိ ပြုလုပ်ပေးရမှာပါ။

 

၆။ မေးစေ့နဲ့ လည်ပင်းအတွက် ရိုးရှင်းတဲ့ လေ့ကျင်ခန်းတစ်မျိုးကတော့ လျှာထိပ်ကို အာခေါင်မှ စက္ကန့်အနည်းငယ်လောက် ထောက်ပေးရပါမယ်။ သတိရရင်ရသလို အချိန်တိုင်းပြုလုပ်ပေးနေရင် အကျိုးထူးလာပါလိမ့်မယ်။ 

 

၇။ နောက်ထပ် လည်ပင်းလေ့ကျင့်ခန်း တစ်မျိုးကတော့ ပါးစပ်ကို လုံးဝတင်းတင်း ပိတ်ထားပြီး အတွင်းကနေ လျှာကိုစက်ဝိုင်းပုံ လှည့်ပေးရပါလိမ့်မယ်။ အကြိမ်များ စွာ ပြုလုပ်ပေးရပါလိမ့်မယ်။ ပထမကတော့ နာရီလက်တံအတိုင်းပေါ့။ အကျင့်ရသွား ရင်တော့ နာရီလက်တံအတိုင်း ပြောင်းပြန်တစ်လှည့်စီ လှည့်ပေးရပါမယ်။ အကြိမ်များ စွာ ပြုလုပ်ပေးရပါလိမ့်မယ်။

 

၈။ ခုတစ်ခါမှာတော့ အောက်နှုတ်ခမ်းကို အထက်နှုတ်ခမ်းပေါ်ကျော်ပြီး အပေါ်ပင့်တင် ရပါလိမ့်မယ်။ ဒါဟာလည်း သတိရရင် ရသလောက် ပြုလုပ်ပေးရမှာပါ။

 

၉။ နောက်ထပ် လေ့ကျင့်ခန်းကတော့ ပါးစပ်ဟပြီး သွားကိုတင်းတင်းစေ့ကာ ပြုံးပေးရ ပါမယ်။ ဒီလိုမျိုး ၁၀ ကြိမ်လောက် ပြုလုပ်ရမှာပါ။

 

၁၀။ လည်ပင်းနဲ့ ပခုံးအတွက် ပခုံးကို စက်ဝိုင်းပုံ လှည့်ရမှာပါ။ ပထမကတော့ ဘယ်နဲ့ညာ တစ်ဖက်စီပါ။ နောက်မှ နှစ်ဖက်စလုံးကို ပြိုင်တူလှည့်ရပါမယ်။ သတိရရင် ရသ လို ပြုလုပ်ပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Orchid
Health for all magazine, March 2016, No.110, Pg. 60

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18