Print

အရေးအကြောင်းကင်းစင်ပြီး အရွယ်တင်နုပျိုအောင်

  25-Feb-2017
Preview Image

၁။ ပက်လက်အိပ်ပါ
ညစဉ် အိပ်စက်တဲ့အနေအထားကြောင့်လည်း သင့်မျက်နှာပေါ်က အရေးကြောင်း ပေါ်ထင်စေနိုင်ပါတယ်။ ဘေးစောင်းအိပ်တာက ပါးပြင်နဲ့ မေးစေ့မှာ အရေးကြောင်းတွေ ပေါ်လာနိုင်ပြီး မှောက်အိပ်တာက နဖူးပြင်မှာအရေးအကြောင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

၂။ ဆယ်လ်မွန်ကဲ့သို့ ငါးများများစားပါ
ဆယ်လ်မွန်မှာ အရေပြားတည်ဆောက်မှုကောင်းမွန်စေနိုင်တဲ့ ပရိုတင်းတွေများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် သူ့မှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေက အရေပြားအတွက် အာဟာရ ရရှိစေနိုင်တာကြောင့် ငယ်ရွယ်တဲ့အသွင်ဆောင်ကာ အရေးကြောင်းတွေ လျော့နည်းသွားနိုင်ပါတယ်။

 

၃။ မျက်မှောင်ကြုတ်ပြီး မကြည့်ပါနှင့်
မျက်မှောင်ကြုတ်ပြီး ကြည့်တာလိုမျိုး မျက်နှာအမူအယာတစ်ခုခုကို ထပ်ကာထပ်ကာ ပြုလုပ်ဖန်များရင် မျက်နှာကြွက်သားတွေ အလုပ်ပိပြီး အရေပြားအောင်မှာ အစင်းရာလေးတွေ ဖြစ်ပေါ်နိုင်ပါတယ်။

 

၄။ အယ်ဖာဟိုက်ဒရောက်စီအက်စစ် (AHAs) ပါဝင်သော ပစ္စည်းအသုံးပြုပါ
ဒီသဘာဝအက်စစ်တွေက အရေပြားရဲ့ အပေါ်ဆုံးအလွှာမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားနိုင်တဲ့အတွက် အစင်းရာတွေ၊ အရေးအကြောင်းတွေနဲ့ မွေးညင်းပေါက်တွေလျော့နည်းသွားနိုင်ပါတယ်။ အထူးသဖြင့် မျက်စိတစ်ဝိုက်မှာပါ။ AHAs တွေက ကော်လာဂျင်ထုတ်လုပ်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

 

၅။ မကြာခဏ မျက်နှာမသစ်ပါနှင့်
မကြာခဏ မျက်နှာသစ်တာကြောင့် အရေးအကြောင်းမဖြစ်အောင် ကာကွယ်ပေးထားတဲ့ အရေပြားပေါ်မှ အစိုဓာတ်တွေနဲ့ အဆီဓာတ်တွေ ကုန်စင်သွားနိုင်ပါတယ်။ မျက်နှာသစ်ရာမှာလည်း အစိုဓာတ်ထိန်းပစ္စည်းပါတဲ့ ခရင်မ် ဒါမှမဟုတ် ဂျဲလ်အမျိုးအစားကို အသုံးပြုပါ။

 

၆။ ဗီတာမင် စီ အသုံးပြုပါ
ဗီတာမင် စီ ပါဝင်တဲ့ ခရင်မ်တွေက ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး UVA နဲ့ B ကြောင့် ပျက်စီးမှုမဖြစ်အောင် ကာကွယ်နိုင်တဲ့အတွက် အရေပြားအရောင် မညီတာနဲ့ မှဲ့ခြောက်တွေ လျော့နည်းသွားအောင် ကူညီနိုင်ပါတယ်။

 

၇။ ပဲပိစပ်ကို အသုံးပြုပါ
ပဲပိစပ်ကို အရေပြားပေါ် တိုက်ရိုက်အသုံးပြုတာ ဒါမှမဟုတ် အားဖြည့်ဆေးအဖြစ် မှီဝဲတာက နေရောင်ကြောင့် ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

၈။ ချောကလက်စားပါ
ချောကလက်၊ ကိုကိုးမှာ များစွာပါဝင်တဲ့ အက်ပီကတ်တချင်နဲ့ ကတ်တချင်ဓာတ်တိုး ဆန့်ကျင်ပစ္စည်းနှစ်မျိုးက အရေပြားကို နေရောင်ကြောင့် ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အရေပြားဆဲလ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေကာရေဓာတ်ပြည့်ဝစေနိုင်တာမို့ အရေပြားဝင်းလက်တောက်ပြောင် ချောမွေ့စေနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Good Health Journal



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18