Print

မဖြစ်မနေလုပ်ဆောင်သင့်သော နွေရာသီ အရေပြားထိန်းသိမ်းမှု

  25-Feb-2017
Preview Image

နေကာလိမ်းဆေးသုံးပါ
နေ့လယ် ၁၁နာရီနဲ့ ညနေ ၃ နာရီအတွင်း အပြင်ထွက်တော့မယ် ဆိုရင် နေကာ လိမ်းဆေးကို အပြင်မထွက်ခင် နာရီဝက်အလို ကတည်းက လိမ်းသွားဖို့လိုပါတယ်။

 

တိုနာသုံးပါ
နွေရာသီမှာ တိုနာသုံးပေးတာက သင့်အရေပြားကို အေးမြနေစေပါလိမ့်မယ်။

 

ခြောက်သွေ့မှုကင်းစေရန်
နွေရာသီမှာ သင့်အရေပြားအတွက် ရေဓာတ်လုံလုံလောက်လောက် ရရှိဖို့နဲ့ ရေ ဓာတ်ခန်းခြောက်မှု ကင်းဝေးစေဖို့ ရေသောက်နည်းတာမျိုး မဖြစ်စေရပါဘူး။

 

အချိုရည်များမသောက်ပါနှင့်
အချိုရည်တွေက သကြားပါဝင်မှုများတာကြောင့် သင့်အရေပြားအတွက် မကောင်းပါဘူး။

 

အဆီပြန်တတ်သူဆိုလျှင်
ရေကို အခြေခံထုတ်ထားတဲ့ Water Based Moisturiser အမျိုးအစားကို ဝယ်သုံးပေးပါ။

 

ကြေးချွတ်သန့်စင်ပါ
နွေရာသီမှာ သင့်အရေပြားကို တစ်ပတ် တစ်ကြိမ်လောက် ကြေးချွတ်သန့်စင် မှု ပြုလုပ်ပေးပါ။နွားနို့၊ ဒိန်ချဉ်နဲ့ သကြားညိုကိုရောပြီး အရေပြားပေါ်မှာ စက်ဝိုင်းပုံစံ ပွတ်သပ်နှိပ်နယ်ကာ ကြေးချွတ်သန့်စင်မှုကို ပုံမှန်ပြုလုပ်ပေးတာက နွေရာသီမှာသင့်အရေပြားကို အေးမြနေစေပြီး၊အဆီပြန်တာလည်း ကင်းစေပါလိမ့်မယ်။ 

 

အသားညိုမည်းလာလျှင်
နွေနေပူကြောင့် သင့်အသားရောင် ညိုမည်းလာတယ် ဆိုရင်အရေပြား ကြေးချွတ်မှုပြုလုပ်တဲ့ အထဲကို သံပရာရည် အနည်းငယ်ညှစ်ထည့်ပြီး သန့်စင်မှုပြုလုပ်ပေး ပါ။

 

တစ်နေ့တစ်ကြိမ်မျက်နှာသစ်ပါ
မနက်အိပ်ရာထ တစ်ကြိမ်နဲ့ အိပ်ရာဝင်ခါနီး တစ်ကြိမ်တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

 

ရင်အေးပါစေ
သင်္ဘောသီးကို ပျားရည်နှစ်ဇွန်းနဲ့ရောပြီး ဖျော်ရည်လုပ်သောက် ပေးတာကြောင့် သင့်အရေပြားကို ပိုမိုလန်းဆန်း လှပလာပါလိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:အာရောဂျံ


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18