Print

နွေပူပူမှာ အေးမြလုံခြုံစေမယ့် ဖက်ရှင်နည်းများ

  25-Feb-2017
Preview Image

ရာသီဥတုက တအားပူတော့ ချွေးတချွှဲချွှဲနှင့် နေရထိုင်ရခက်လှပါတယ်။ တစ်ခါတလေ ဘာမှ ဝတ်ချင်စိတ်မရှိလောက်အောင် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာ့ယဉ်ကျေးမှုအရ တအားကို ပြတ်ပြီး ဟိုက်နေတာမျိုး ဝတ်လို့လည်း အဆင်မပြေလောက်ပါဘူး။ ဒါကြောင့် လုံခြုံပြီး အေးမြမှုကို ပေးစွမ်းနိုင်တဲ့ ဝတ်ဆင်နည်းတွေကို ဖော်ပြလိုက်ပါတယ်။ 

 

၁။ ပွပွချောင်ချောင်ဝတ်ပါ
ဒီလိုရာသီမှာ ခန္ဓာကိုယ်အလှပြ မနေပါနဲ့။ အဝတ်အစားကျပ်ကျပ်တွေက ကိုယ်အိုက်ရတဲ့အထဲ စိတ်ပါအိုက်ရမယ့် အဖြစ်ပါ။ ပွပြီး ချောင်နေတာမျိုးလေးတွေသာ ဝတ်ပါ။ ဂါဝန်ပွပွရှည်ရှည်၊ အကျင်္ ီပွပွ၊ စကတ်ကားကားလေးတွေကလေဝင်လေထွက်ကောင်းပြီး အေးမြစေမှာပါ။ ဘောင်းဘီအကျပ်ရှည်၊ စကတ်အကျပ်၊ ကိုယ်ကျပ်ဂါဝန်တွေရှောင်ပါ။

 

၂။ အသားအေးတာဝတ်ပါ
ပူတဲ့ရာသီမှာ ချွေးစုပ်နိုင်တဲ့ ချည်သားလို အသားမျိုးက အကောင်းဆုံးပါ။ ရှီဖွန်၊ ပိုးနဲ့ ပိတ်ဖောက်ဇာတို့လည်း ဝတ်ဆင်ပေးနိုင်ပါတယ်။ ထူထဲပြီး ယားယံတဲ့ အသားမျိုးမဝတ်ပါနဲ့။ ဂျင်းနဲ့သိုးမွေးသားတွေ ရှောင်ပါ။

 

၃။ လုံလုံခြုံခြုံဝတ်ပါ
တိုလွန်းပြတ်လွန်းရင် နေရောင်ခြည်က အသားပေါ် တိုက်ရိုက်ကျရောက်ပြီး ပိုပူနေပါလိမ့်မယ်။ ချည်သားလက်ရှည်လေးတွေ၊ ချည်သားထမီ၊ စကတ်လက်ရှည်နဲ့ ချည်ဘောင်းဘီပွပွတို့က လုံခြုံစေမှာပါ။ ချည်ပဝါလှလှတစ်ထည်လည်း နေရောင်က ကာကွယ်နိုင်အောင် ဆောင်ထားပါ။

 

၄။ နေကာမျက်မှန်တပ်ပါ
နွေရာသီမှာ မရှိမဖြစ်ကတော့ နေကာမျက်မှန်ပါ။ အပူဒဏ်ကာကွယ်သလို မျက်စိကိုလည်း အေးမြစေနိုင်ပါတယ်။

 

၅။ ပေါ့ပေါ့ပါးပါးဝတ်ပါ
အကျင်္ ီမှာ စီးကွင့်တွေ၊ ကျောက်တွေ၊ ပုတီးတွေ၊ သံမှိုတွေကပ်တာမျိုး မဝတ်ပါနဲ့။ ရှင်းရှင်းလင်းလင်းနဲ့ ပေါ့ပေါ့ပါးပါး အဝတ်အစားမျိုးသာ ဝတ်ပါ။

 

၆။ အရောင်နုနုလွင်လွင်ဝတ်ပါ
အရောင်ရင့်တွေက အပူကို စုပ်ယူပြီး အရောင်နုတွေက အပူကို ပြန်ကန် ထုတ်ပေးပါတယ်။ နုဖတ်နေတဲ့ အရောင်လေးတွေ ဝတ်ပါ။ အနက်၊ အနီ၊ လိမ္မော်၊ အညိုလို ပူတဲ့အရောင်တွေ ရှောင်ပြီး အဖြူ၊ မိုးပြာ၊ ခရမ်းနု၊ အစိမ်းနုတို့လို အေးတဲ့အရောင်တွေဝတ်ပါ။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာနုမြတ်
Good Health Journal



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18