Print

အလှအပအတွက် Vitamin E ၏ အစွမ်းသတ္တိ

  25-Feb-2017
Preview Image

-ဆံပင်သန်စွမ်းစေတယ်၊
- နှုတ်ခမ်းခြောက်သွေ့ ကွဲအက်ခြင်းကို ကုသနိုင်တယ်၊ 
- လက်သည်း၊ ခြေသည်းတွေကို သန်မာစေတယ်၊ 
- အရေးအကြောင်းများကို ကင်းစင်စေတယ်၊ 
- လက်ဖဝါးခြောက်သွေ့မှု ကြမ်းတမ်းမှုမှ ကင်းဝေးစေတယ်၊ 
- အမာရွတ်ကင်းစင်စေတယ်၊ 
- ဆံသားနှစ်ခွဖြစ်ခြင်းမှ ကာကွယ်နိုင်တယ်၊ 
- အကြောပြတ်ရာများ ကင်းဝေးစေတယ်၊ 
- အရေပြားရောင်ရမ်းခြင်းကို ကုသနိုင်တယ်၊ 
- အရေပြားအရောင် ပြောင်းလဲခြင်းကို ကုသနိုင်တယ်။

 

ဗီတာမင် E ကြွယ်ဝသောအစာများ
အစေ့အဆန်
နေကြာစေ့၊ ဖရုံစေ့၊ နှမ်းစေ့တွေကနေ ဗီတာမင် E များစွာ ရရှိနိုင်ပါ တယ်။ နေကြာစေ့ကို ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ စားသုံးတာကြောင့် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် E ပမာဏရဲ့ ၉၀ ဒသမ ၅ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။

 

သင်္ဘောသီး
သင်္ဘောသီးမှာ ဗီတာမင် C သာမက ဗီတာမင် E လည်း များစွာပါဝင်ပါတယ်။ သင်္ဘောသီးတစ်လုံးမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် E ပမာဏရဲ့ ၁၇ ရာခိုင်နှုန်း ရရှိနိုင် ပါတယ်။ သင်္ဘောသီးမှည့်ကို ဒီတိုင်းစားတာ၊ ဖျော်ရည်လုပ်သောက်တာတွေ ပြုလုပ်နိုင် ပါတယ်။

 

ဗာဒံစေ့
ဗာဒံစေ့ထဲမှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်ပါတယ်။ ဗာဒံစေ့ဆီထဲကနေလည်း ရရှိနိုင်ပါတယ်။ ဗာဒံစေ့တစ်အောင်စထဲကနေ ဗီတာမင် E ၇ ဒသမ ၄ ဂရမ် ရရှိနိုင်ပါတယ်။

 

မှတ်သားရန်
• ဗီတာမင် E က ဆီပျော်ဗီတာမင်ဖြစ်တာကြောင့် ဗီတာမင် E ပါဝင်တဲ့ အစာတွေစား တဲ့အခါ အဆီအနည်းငယ်ပါဝင်အောင် စားဖို့လိုပါတယ်။
• ဗီတာမင် E ရဲ့ အာနိသင်တွေ မဆုံးရှုံးစေဖို့ လေထိတာ၊ အပူနဲ့ထိတာ၊ အလင်းရောင်နှင့် ထိတာတွေ မဖြစ်အောင် အေးမြ၊ ခြောက်သွေ့ပြီး မှောင်တဲ့နေရာမှာထားပါ။
• သွေးကျဲဆေးသောက်နေသူအနေနဲ့ ဗီတာမင် E ဖြည့်စွက်သောက်သုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။ 
• ဗီတာမင် E ကို အရေပြားပေါ် မလိမ်းမီ အရေပြားနဲ့ ဓာတ်တည့်၊ မတည့် အရင်စမ်းသပ်ဖို့ လိုပါတယ်။
• ပေါက်ပြဲရှနာရှိတဲ့ဒဏ်ရာပေါ်နဲ့ ထိခိုက်လွယ်တဲ့ အရေပြားတွေပေါ် ဗီတာမင် E မလိမ်းသင့်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.278, Septmber 2015, Pg.79



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18