Print

ဆံပင်နက်မှောင်သန်စွမ်းစေဖို့

  25-Feb-2017
Preview Image

ဆံပင်သာမကဘဲ အရေပြားပါ ကျန်းမာစေချင်တယ်ဆိုရင်တော့ အာဟာရဓာတ် မျိုးစုံကို ပြည့်စုံစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဆံပင်သား နက်မှောင်ချင် သူတွေအတွက်ဆိုရင် ပရိုတင်းဓာတ်၊ ဗီတာမင် A, B, C, D, E ၊ သံဓာတ်၊ ကယ်လီစီယမ်ဓာတ်၊ အိုင်အိုဒင်းဓာတ်နဲ့ ဆာလ်ဖာဓာတ်တွေကို ပြည့်စုံအောင် မှီဝဲပေးရမှာပါ။ 

 

ပရိုတင်းဓာတ်ကိုဆိုရင် အသား၊ ငါး၊ နို့၊ ဥတွေနဲ့ ဒိန်ချဉ်တို့ကနေ ရနိုင်ပါတယ်။ ဗီတာမင် A ဓာတ်ကိုတော့ ထောပတ်၊ မုန်လာဥဝါ၊ ခရမ်းချဉ်သီး၊ ဆီးသီးခြောက်တွေနဲ့ အစိမ်းရောင်အရွက်တွေကို စားပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။ ဗီတာမင် B ကတော့ ပေါင်မုန့်၊ ကွေကာ၊ ကုလားပဲ၊ ပဲပိစပ်၊ ကြက်သားနဲ့ ငါးတို့မှာ ပါဝင်နေပါတယ်။

 

အချဉ်ဓာတ်ပါတဲ့အသီး၊ ငှက်ပျောသီးနှင့် ထောပတ်သီး တို့ကနေတော့ ဗီတာမင် C ဓာတ်ကို ရရှိနိုင်ပါတယ်။ နောက်ပြီး ငါးအဆီ၊ နို့နဲ့ဥတွေကတော့ ဗီတာမင် D ဓာတ်ကို ရနိုင်ပါတယ်။ ဗီတာမင် E ကတော့ မြေပဲ၊ အစိမ်းရောင်အရွက်တွေနဲ့ ဟင်းသီးဟင်းရွက် ဆီတွေမှာ ပါဝင်နေပါတယ်။ သံဓာတ်ဆိုရင်တော့ အသည်း၊ ကျောက်ကပ်၊ ပဲသီးတောင့်နဲ့ စားတော်ပဲ၊ သစ်သီးခြောက်၊ ယောက်သွားတို့မှာ ပါဝင်နေတာပါ။

 

ဒါအပြင် ကယ်လ်စီယမ်ဓာတ်ဆိုရင်တော့ ဒိန်ခဲ၊ အစေ့များ၊ ဥများ၊ နို့၊ ဒိန်ချဉ်၊ ဆာဒင်းငါးတို့မှာ ပါဝင်နေပါတယ်။ အိုင်အိုဒင်းဓာတ် ပြည့်စုံဖို့ဆိုရင် ပင်လယ်စာနှင့် အိုင်အိုဒင်းဓာတ် ပြည့်စုံဖို့ဆိုရင် ပင်လယ်စာနှင့် အိုင်အိုဒင်းဆားတို့ကို စားသုံးပေးရမှာပါ။ ဆာလ်ဖာဓာတ်ကိုတော့ ဥတွေ၊ အသား၊ ဒိန်ခဲနှင့် အခြားနို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်တယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခခ (မအူပင်)
Health for all magazine, No.108, January 2016, Pg. 98



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18