Print

ရင်သားတွဲကျမှု ကင်းစေမည့်နည်းလမ်းများ

  25-Feb-2017
Preview Image

ကလေးမွေးပြီးချိန် အမျိုးသမီးတွေနဲ့ ပုံစံမမှန်တဲ့ အတွင်းခံဝတ်ဆင်သူတွေဟာ ရင်သားတွဲကျမှုဖြစ်စေပြီး ရင်သားလှပမှုကို ပုံပျက်စေပါတယ်။ ပုံမှန်နဲ့ လှပတဲ့ ရင်သား ကို ပြန်လည်ရရှိစေဖို့ ပြု ပြင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

 

အတွင်းခံပြောင်းပါ
ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားပြီးချိန်နှင့် ကိုယ်အလေးချိန်အတက်အကျတွေ မှာ သင့်ရင်သားပုံစံက ပြောင်းလဲတတ်တာကို သိထားသင့်ပါတယ်။ သင့်ရင်သားကို အကောင်းဆုံး ထောက်ပ့ံပေးနိုင်မယ့် အတွင်းခံမျိုးကို သတိထားဝတ်ဆင်ပါ။

 

ဒိုက်ထိုးပါ
လက်ဖဝါးတွေကို ကြမ်းပြင်မှာ ထောက်ပြီး သင့်ခန္ဓာကိုယ်အလေးချိန်ကို အသုံးပြုရတဲ့ လေ့ကျင့်မှုမျိုးဖြစ်တာကြောင့် ရင်သားနေရာကိုအကောင်းဆုံး ထောက်ပ့ံပေးနိုင်တဲ့ လေ့ကျင့်ခန်းပါ။ တစ်ပတ်ကို သုံးကြိမ်လေ့ကျင့်ပါ။

 

လက်ကိုစက်ဝိုင်းပုံစံလှည့်ပါ
လက်မောင်းနေရာကနေ လက်ကို လှည့်ပတ်ပေးတာဟာ ရင်သားနေရာ က ကြွက်သားတွေကို မြှင့်တင်ပေးသလို ဖြစ်စေပါတယ်။ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးမှာ ဆန့်တန်းထားပြီး စက်ဝိုင်းပုံစံဘေးကို လှည့်ပေးနေချိန်မှာ ရင်သားတွေကို ပုံမှန်ပင့်တင်ပေးနေသလို ဖြစ်စေပြီး လက်မောင်နှင့် ရင်သား တစ်ဝိုက်နေရာက မလိုအပ်တဲ့ အဆီပိုတွေကိုလည်း ကျသွားစေတာကြောင့် ရင်သားကို အကောင်းဆုံး အကျိုးပြုစေတဲ့ နည်းပါပဲ။ နေ့စဉ် ရေချိုးခါနီးတိုင်း မိနစ် ၂၀ လောက်ပြုလုပ်ပါ။

 

အလေးမပါ
အလေးချိန်အနည်းငယ်လောက်ကို မတင်လိုက်၊ ပြန်ချလိုက် လေ့ကျင့်ပေးတာ ကလည်း သင့်ရင်သားနှင့် ရင်အုပ်ပိုင်း နေရာတွေကို လှပပုံကျနေစေပါတယ်။ ရင်သားနေရာတွဲကျနေသူတွေ အနေနဲ့ တစ်ပေါင်လောက်လေးတဲ့ အလေးမပစ္စည်း တစ်မျိုးကိုသုံးပြီး အလေးမ လေ့ကျင့်ပါ။ တစ်ခါလေ့ကျင့်ရင် ၁၀ ကြိမ်နဲ့ တစ်နေ့ သုံးကြိမ် လောက် ပြုလုပ်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲဦး
Arogyam magazine, No.283, February 2016, Pg.93-94



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18