Print

Sunburn နေလောင်ခံရသည့်ဒဏ်ရာ

  25-Feb-2017
Preview Image

မိမိခန္ဓာကိုယ်အရေပြားနှင့် နေရောင်တိုက်ရိုက် ထိတွေ့ဖန်များလာခြင်းဖြင့်နေလောင်ခံရသည့် ဒဏ်ရာများ ရရှိတတ်သည်။ အထူးသဖြင့် နေရောင်ခြည်တွင်ပါရှိသော Ultraviotet rays (ခရမ်းလွန်ရောင်ခြည်) သည် အရေပြား၏ အပြင်လွှာရှိ ဆဲလ်များအား ထိခိုက်အောင် ဖျက်စီးပစ်နိုင်သည့်အပြင် အရေပြားအောက်တွင်းရှိ သွေးကြောမျှင် ကလေးများကိုပါ ထိခိုက်ပျက်စီးစေသည်အထိ ဒုက္ခပေးတတ်သည်။

 

နေလောင်ခံရသည် ဆိုရာ၌ အပျော့စား အလောင်ခံရခြင်းနှင့် ပြင်းထန်စွာ အလောင်ခံရသည့် အခြေအနေဟူ၍ ၂ မျိုးကွဲပြားသွားသည်။ အပျော့စား အလောင်ခံရခြင်းသည် အချိန်မီ ပြု ပြင်လိုက်ပါက အဆင်ပြေသွားနိုင်သော်လည်း အပြင်းစား နေလောင်ခံရသည့် အခြေအနေ၌ အရေပြားတစ်ခုလုံး တွန့်ရှုံ့လျက် နေရောင်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာဖြစ်သည်အထိ ဒုက္ခပေးနိုင်ပါသည်။

 

နေလောင်ခံရခြင်းမှ သက်သာစေခြင်း
၁။ နေရောင်နှင့် အတတ်နိုင်ဆုံး မထိတွေ့ဖြစ်အောင် သတိပြုဆင်ခြင်ပါ။ အထူးသဖြင့် ပူပြင်းသောအချိန် (နေ့လယ်ပိုင်း) များ၌ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။

 

၂။ နေလောင်ခံရခြင်းဖြစ်ကြောင်း သိသည်နှင့် ချက်ချင်းအရေပြားအား (ရေအေး ရေပန်းဖြင့်) ရေချိုးပေးပါ။

 

၃။ နေလောင်ခံရသည့် အရေပြားပေါ်သို့ လက်ဖြင့်ဖိမိ၊ ညှစ်မိခြင်းမရှိအောင် ဂရုစိုက်ပါ။

 

၄။ အပျော့စား နေလောင်ခံရခြင်းဖြစ်ပါက ဒိန်ချဉ်၊ ခရင်မ်၊ လိုးရှင်း၊ နေလောင်ဒဏ်ရာ သက်သာစေသည့် ပန်းရောင် “calamine” လိမ်းဆေးရည်တို့အား အရေပြားတွင် လိမ်းသုတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။ 

 

၅။ အကြီးစားနေလောင်ဒဏ်ရာများအတွက် ဆရာဝန်အား ပြသပေးပါ။

 

၆။ အကိုက်အခဲပျောက်ဆေးတစ်ခုခုကို သောက်ပါ။ 

 

၇။ နေလောင်ဒဏ်ရာအခြေအနေ ဆိုးရွားပါက ဆေးရုံတက်၍ အရေပြားဆိုင်ရာ ဆရာဝန်၏ ကုသမှုခံယူပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဦးသိန်းအောင်လှိုင် (ဆေးပညာ)
ရှေးဦးသူနာပြုစုနည်း စာအုပ်မှာကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18