Print

အရွယ်ရောက်ချိန်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု

  28-Feb-2017
Preview Image

အရွယ်ရောက်ချိန်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု
အရွယ်ရောက်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အကြမ်းသဘောတော့ ပြောပြပြီးပြီ ဆိုရမှာပါ။ အဲဒီလောက် ဗဟုသုတရှိကြပြီဆိုရင်ပဲ အတိုင်းအတာ တစ်ခုထိ လုံလောက်ပြီ ဆိုရာမှာပေါ့ဗျာ။ ဒါပေမယ့် အသေးစိတ် ပြောစရာလေးတွေ ရှိသေးတယ်။ မီးယပ်သွေး စပေါ်တာနဲ့ပတ်သက်ပြီး မိန်းကလေးတွေ သိထားဖို့ အချက်တွေအများကြီးရှိပါသေးတယ်။ ကြုံတဲ့အခါ ဆက်ပြီး ဆွေးနွေးကြသေးတာပေါ့။ အခုအရွယ်ရောက်ချိန် စိတ်ပိုင်းဆိုင် ရာ ပြောင်းလဲမှုအကြောင်း ပြောပြပေးပါတယ်။ ယောကျ်ားလေးတစ်ယောက် အရွယ်ရောက် လာပြီးဆိုရင် ကလေးစိတ်နဲ့ လူကြီးစိတ်ကြားစပ်ကူးမတ်ကူးကာလပေါ့ဗျာ။ ထူးခြားချက် ကလေးက Aggressive Behavior လို့ခေါ်တဲ့ အပြုအမူစိတ်ပြောင်းလဲမှုပေါ့။ နေရာ တကာ စိတ်တိုစိတ်ဆပ်လာတဲ့သဘော။ မကြာခဏရန်ဖြစ်တတ်တယ်။

မိဘပြောရင်၊ ဆုံးမရင် ပြန်ပြောချင်လာတတ်တယ်။ သည်းခံစိတ်နည်းတယ်ဆိုရမှာပေါ့။ Active attitude ဆိုတာက နေရာတကာမှာ ဦးဆောင်ဦးရွတ်လုပ်ချင်တာ။ တက်တက်ကြွကြွ ပါဝင်ချင်တဲ့ စိတ်ဖြစ်လာတယ်။ နောက်တစ်ခုက Interest to Opposite Sex ပေါ့ဗျာ။ ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားလာမှု၊ မိန်းကလေးတွေ အပေါ် စိတ်ဝင်စားလာတာ။ ချစ်တတ်ချင်လာတာမျိုး ဖြစ်လာတယ်။ နောက်ပြီး Libido လို့ခေါ်တဲ့ လိင်စိတ် ဆန္ဒတွေ ဖြစ်လာတာပါ။

မိန်းကလေးတွေမှာလည်း ယောကျ်ားလေးတွေလို စိတ်ပြောင်းလဲမှုဖြစ်လာတယ်။ Shy ရှက်တတ်လာတယ်။ ကလေးတုန်းကလို တချို့အပြုအမူတွေ မလုပ်တော့ဘူး။ ရှက်စိတ် ဝင်လာတာ။ ရှက်သွေးကြွယ်လာတယ်လို့ ဆိုနိုင်တာပေါ့။ အခြားစိတ်ပြောင်းလဲမှုတစ်ခုက Sensitive ဖြစ်လာတယ်လို့ သုံးပါတယ်။ တုန့်ပြန်လွယ်တာလို့လည်း ဆိုနိုင်ပါတယ်။ စိတ်ကောက်တတ်တာမျိုး စိတ်ဆိုးလွယ်တာမျိုးတွေ ဖြစ်လာတာပေါ့။ ယောကျ်ားလေးတွေ လိုပဲ ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားလာတာနဲ့ လိင်ဆန္ဒဖြစ်ပေါ်လာတာမျိုးလည်း
တွေ့ရနိုင်ပါတယ်။

ယောကျ်ားလေးနှင့်မိန်းကလေး စိတ်ပိုင်းဆိုင်ရာမှာ ထူးခြားတဲ့ပြောင်းလဲမှုတစ်ခုရှိသေး တယ်။ အဲဒါက ယောကျ်ားလေးက Independent ဖြစ်လာတယ်။ မိန်းကလေးက Dependent ဖြစ်လာတယ်။ စိတ်ကိုက ယောကျ်ားလေးက သူတစ်ပါး အားမကိုးချင်တော့ ဘူး။ မိမိကိုယ်မိမိအားကိုးလိုစိတ် ပိုလာတယ်။ မိန်းကလေးကျတော့ သူတစ်ပါးအပေါ် အားကိုးချင်တာ၊ မှီခိုချင်တာ။ အဲဒါလည်း စိတ်ပိုင်းဆိုင်ရာ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုပါပဲ။ ဒီလိုပြောင်းလဲမှုဖြစ်စဉ်တွေကို မိဘများက သိနားလည်ထားရင် သားသမီးတွေအပေါ် ပိုမိုနားလည်နိုင်ပြီး ဆယ်ကျော်သက် ကိုလိုးကန့်လန့်အရွယ်မှာ မိဘနဲ့သားသမီး ဆက်ဆံရေး ဆွေးနွေးစေနိုင်မှာ ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
တိုးတိုးတိတ်တိတ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရအောင် စာအုပ်မှကောက်နုတ်ထားပါသည်.။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18