Print

အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း

  27-Feb-2017
Preview Image

အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း
အိိပ်စက်မှုနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေထဲမှာ အိပ်နေရင်းနဲ့ လမ်းလျှောက်တာလည်း တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ အိပ်ရာထဲမှာ ထထိုင်နေရုံလောက်ကနေ ရေချိုးခန်းထဲကို ဝင်တာ၊ သန့်ရှင်းရေးလုပ်တာလိုမျိုး သိပ်ပြီးတော့ ထိခိုက်မှု မရှိနိုင်တဲ့ အမူအကျင့်တွေကို
ပြုလုပ်တတ်သလို ချက်ပြုတ်တာ၊ ကားမောင်းတာ၊ ခြံပြင်ကို ထွက်သွားတာ၊ အရာဝတ္ထု 
လေးလေးပင်ပင်တွေကို မတာလိုမျိုးလောက်အထိ ပြုလုပ်တတ်ကြပါတယ်။

 

ဖြစ်နိုင်သည့် အသက်အရွယ်
အိပ်ရင်းနဲ့ လမ်းထလျှောက်တာဟာ ကလေးတွေမှာ အဖြစ်များပြီးတော့ အသက်ကြီးလာတဲ့အခါမှာ ပျောက်ကွယ်သွားတတ်ပါတယ်။ ညဘက်အိပ်ရင်းနဲ့ အပေါ့သွားတတ်သေးတဲ့ အသက် လေးနှစ်မှ ရှစ်နှစ်ကြားအရွယ်တွေမှာ ဖြစ်တတ်သလို အသက် ၁၁ နှစ်ကျော်တဲ့အထိ ဖြစ်တတ်တဲ့ ကလေးတွေလည်း ရှိနေတတ်ပါတယ်။ 

လူကြီးတွေမှာတော့ အိပ်ရင်းနဲ့ လမ်းထလျှောက်တာမျိုးက ဖြစ်ခဲပါတယ်။ တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်တောင် တခြားအခြေအနေတွေနဲ့ ရောနှောနေတတ်ပါတယ်။ ကယောင်ကတမ်းဖြစ်သူ၊ အကြောက်လွန်ရောဂါရှိတဲ့သူ၊ စိုးရိမ်ပူပန်စိတ်များလွန်ကဲတဲ့သူ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရတတ်သူတွေက ပိုပြီးတော့ ဖြစ်လွယ်တတ်ပါတယ်။

 

ဖြစ်ရသည့် အကြောင်းအရင်းများ
အိပ်ချိန်မှာ လမ်းလျှောက်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ မျိုးရိုးဗီဇ၊ 
ဇီဝဖြစ်ပျက်မှု၊ ပတ်ဝန်းကျင် အခြေအနေတွေ ရှိသလို ကျန်းမာရေး အခြေအနေ၊ ဆေးဝါးသုံးစွဲတာတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ အရွယ်ရောက်တာ နောက်ကျတဲ့ကလေးတွေမှာ အိပ်ရင်းနဲ့ လမ်းလျှောက်တတ်တဲ့အကျင့်က အစပြုတတ်ပြီး အသက် ၁၇ နှစ်လောက် ရောက်တဲ့အထိ ကြုံတွေ့ရတတ်ပါတယ်။

 

ဘယ်လို လက္ခဏာတွေ ပြတတ်ကြသလဲ
အိပ်နေရင်းနဲ့ လမ်းထလျှောက်တတ်တဲ့ သူတွေမှာ တခြားသိတာတဲ့ လက္ခဏာတွေလည်း ရှိနေတတ်ပါတယ်။ များသောအားဖြင့်တော့ အိပ်နေရင်းက ထထိုင်ပြီး မျက်လုံးကို
ပွတ်ခြင်း၊ အဝတ်အစားတွေကို အကြောင်းမဲ့ ဆွဲနေခြင်းတို့ကို ထပ်ခါထပ်ခါ ပြုလုပ်တတ်ပါတယ်။ သူတို့ရဲ့ မျက်လုံးတွေဟာ ပွင့်နေပေမယ့် ပုံမှန်နိုးနေတဲ့ အချိန်လိုမျိုး အနားပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နေတာတော့ မဟုတ်ပါဘူး။ သူတို့ အနားမှာ ကပ်ပြီးတော့
စကားပြောလိုက်ပေမယ့် ပြန်လည်ပြီးတော့ တုံ့ပြန်မှာ မဟုတ်သလို အဲ့ဒီလိုအချိိန်မှာ သွားနှိုးလိုက်ရင်လည်း နိုးလာမှာ မဟုတ်ပါဘူး။ တချို့ကလေးတွေကတော့ အိပ်နေရင်းနဲ့ ဆက်စပ်မှုမရှိတဲ့ စကားလည်း ပြောနေတတ်ကြသလို ထသွားပြီး မထင်မှတ်တော့တဲ့ နေရာမျိုးမှာ အပေါ့စွန့်တာမျိုးကို ပြုလုပ်ခဲ့ပြီးမှ သူတို့အိပ်တဲ့ နေရာကို ပြန်လာတတ်ကြပါတယ်။

 

ကုသခြင်း
အိပ်နေရင်းနဲ့ လမ်းလျှောက်တာဟာ မကြာမကြာဖြစ်တယ်၊ ဖြစ်တာကလည်း ကြာလာပြီဆိုရင်တော့ ကုသရမယ့် အပိုင်းကို စဉ်းစားပေးရပါတော့မယ်။ လမ်းထလျှောက်
တာတွေဟာ အရင်ကထက် ပိုပြီး သိသာလာတ၊ နေ့ခင်းပိိုင်းတွေမှာ ဖြစ်လာတာမျိုးတွေ၊ အမူအကျင့်တွေ ပြောင်းလဲလာတာမျိုးရှိလာရင်တော့ ဆရာဝန်တွေနဲ့ တိုင်ပင် ဆွေးနွေးဖို့ လိုလာပါတယ်။

 

ကာကွယ်ခြင်း
များသောအားဖြင့်တော့ ဆေးတွေ သုံးစွဲစရာမလိုဘဲ ပြန်ကောင်းသွားတတ်
တာကြောင့် အဲ့ဒီလိုဖြစ်နေတဲ့ အချိ်န်မျိုးမှာ ထိခိုက်မှု မရှိရအောင် ကာကွယ်ဖို့က ပိုပြီးတော့ လိုအပ်ပါတယ်။ လမ်းထလျှောက်တတ်သူတွေရဲ့ သူတို့အခန်းအတွင်း၊ အိပ်ရာဘေးမှာ သူတို့ထလာတဲ့အချိန်မှာ အန္တရာယ်ဖြစ်စေတတ်တဲ့ အချွန်အတက်တွေ၊ ခလုတ်တိုတ်နိုင်တဲ့ အရာဝတ္ထုတွေကို ဖယ်ထားသင့်ပါတယ်။ အဲဒီလိုပဲ သူတို့အပြင်ကို ထွက်လာနိုင်တဲ့
အိမ်ကြမ်းပြင်တွေမှာလည်း ရှုပ်ပွနေတာမျိုး မဖြစ်စေရဘဲ ရှင်းလင်းထားသင့်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : နှင်းနုလွင် ( ဆေးဝါး )
AROGYAM – No.256, November 2013

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18