Print

Hypomania ဘဝင်မြင့်ရောဂါ

  27-Feb-2017
Preview Image

Hypomania ဘဝင်မြင့်ရောဂါ
ဒီရောဂါက စိတ်ပိုုင်းဆိုင်ရာ ချို့ယွင်းချက်ရောဂါတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီရောဂါဖြစ်နေတဲ့သူဟာ အကောင်းဘက်ကိုမျှော်လင့်တယ်။ (ဆိုလိုတာက သူဟာ ကျဆုံးနေပြီဆိုတာ သူဟာ မျှော်လင့်ချက် မရှိဘူးဆိုတာ လူတော်တော်များများဟာ သိရဲ့သားနဲ့ သူက မျှော်လင့်ချက်ရှိနေတုန်းကို ဆိုလိုတာပါ။) ယုံကြည်ချက်ရှိတယ် ပီတိဖြစ်မယ် (ဆိုလိုတာက သူတစ်ခုခုကို မျှော်လင့်လွန်းအားကြီးတာဖြစ်ဖြစ် သူတစ်ခုခုကို လုပ်လိုက်ရတာကို သူ့ကိုယ်သူ ပီတိဖြစ်နေတာကို ဆိုလိုပါတယ်။ 

သူများကဲ့ရဲ့စရာဖြစ်မလား သူတစ်ပါးအကျိုး ထိခိုက်နိုင်သလားဆိုတာတောင် မစဉ်းစားနိုင်လောက်အောင်ကို ပီတိဖြစ်နေပါမယ်။) အဲ့ဒီလူမျိုးမှာ နေကောင်းတဲ့ပုံစံဖြစ်မယ် တစ်ခါတလေ သိသိသာသာ စိတ်ပျော်ရွှင်မှုဖြစ်မယ်။ (ဆိုလိုတာက သူက ဒီလိုလုပ်နိုင်တဲ့သူ
ဆိုပြီးတော့ မာန်တက်နေခြင်းမျိုးဖြစ်တယ်) အဲ့ဒီစိတ်ရောဂါဝင်နေတဲ့သူဟာ စဥး်စားတဲ့
အခါဖြစ်ဖြစ် စကားပြောဆိုရာမှာဖြစ်ဖြစ် အထွေထွေလှုပ်ရှားမှုမှာဖြစ်ဖြစ် သိသာထင်ရှားတဲ့ လှုပ်ရှားမှုတွေ တွေ့နိုင်ပါတယ်။ (ဆိုလိုတာက သာမာန်အကြောင်းအရာတစ်ခုခုကို ပြောကြတယ်ဆိုပါစို့။ သူက တကယ်အရေးကြီးတဲ့ပုံမျိုး သူတာဝန်ယူရမှာ အတော်များတဲ့ပုံစံမျိုး သူသာလျှင် ဒီကိစ္စမှာတော်ပြီး သူပါမှ ဒီကိစ္စဖြစ်မှာ စတဲ့စိတ်ကြီးဝင်နေတတ်ပါတယ်။ ပြောဆိုရာမှာလည်း ဒါကိုပဲ ထပ်ကာတလဲလဲ စောင်းပေးပြောတတ်ပါတယ်။) လှုံ့ဆော်မှုတစ်ခုခု (သို့မဟုတ်) တစ်ခုခုနှင့်ဆက်နွယ်ပြီး သူပြောတဲ့အကြောင်းအရာက ပြောင်းသွားပါတယ်။ အဲ့ဒီလိုမှလည်း သူ့တာဝန်က အရေးကြီးတဲ့ပုံ ပြောတတ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : အေးကမ္ဘာဒေါက်တာချစ်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18