Print

အပြင်းအထန်ရောဂါ ခံစားရပြီးနောက် ဖြစ်ပေါ်သော စိတ်ဖိစီးမှုရောဂါ

  27-Feb-2017
Preview Image

အပြင်းအထန်ရောဂါ ခံစားရပြီးနောက် ဖြစ်ပေါ်သော စိတ်ဖိစီးမှုရောဂါ
( Post Traumatic Stress Disorder )

အသက်သေလုနီးပါးမတက် ဖြစ်ပေါ်သော နှလုံးရောဂါရပြီး နောက်ပိုင်းတွင် စိတ်ဖိစီးမှုကို ခံစားရတတ်ပါသည်။ ဥပမာ- နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံးရပ်သောရောဂါ၊ နှလုံးခွဲစိတ်ပြီးသော လူနာများတွင် PTSD ရောဂါ ဖြစ်ပေါ်လေ့ရှိပါသည်။ ရံဖန်ရံခါ နှလုံးအားနည်းရောဂါများနှင့် နှလုံးနှိုးစက် တပ်ဆင်ထားသူများတွင်လည်း တွေ့ရှိရတတ်ပါသည်။ 

ဒီလိုဖြစ်ရခြင်းမှာ အလိုအလျောက် အာရုံထိန်းချုပ်ရေးစနစ်တွင် ဖောက်ပြန်မှု ဖြစ်ပွားပြီး ‘ Sympathetic Hyperactivity ’ နှင့် ‘ Parasympathetic Cardiac Control ’ လျော့ကျ ခြင်းကြောင့် နှလုံးသွေးကြောများတွင် သွေးကြောကျဉ်းခြင်း တိုးပွားဖြစ်ပေါ်ရခြင်းသည် 
အဓိကဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိတ်ဖိစီးမှုကြောင့် ဆေးဝါးကို ပုံမှန် မသောက်သုံးသည့်
အတွက် နှလုံးရောဂါ ပိုမိုဖြစ်ပွားလာရခြင်း ဖြစ်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ပါမောက္ခဦးတင်လတ် ( နှလုံးအထူးကုဆရာဝန်ကြီး )
နှလုံးသွေးကြောကျဉ်းနှင့် နှလုံးရောဂါ သိမှတ်စရာများ စာအုပ်မှ ကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18