Print

စိတ်ပူပန်ခြင်း ( Anxiety )

  27-Feb-2017
Preview Image

စိတ်ပူပန်ခြင်း ( Anxiety )
“ စိတ်ပူပန်ခြင်း ” ဆိုသည်မှာ ဆေးပညာရှင်များ၊ ဆရာဝန်များက များသောအားဖြင့် မေ့လျော့ထားတဲ့အတွက် မသိမရှိဘဲ ဖြစ်နေတတ်ပါတယ်။ စိတ်ပူပန်ခြင်းကို ရုတ်ချည်းနှလုံးသွေးကြောရောဂါ ( Acute Cardiac Disease ) များတွင် ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ တွေ့ရှိရပြီး နာတာရှည် နှလုံးရောဂါရှင်များတွင် ၂၀ မှ ၂၅ ရာခိုင်နှုနန်းအထိ တွေ့ရှိရပါသည်။ 

နှလုံးသွေးကြော ပိတ်ပြီးခါစရောဂါတွင် ၃၀ ရာခိုင်နှုန်းအထက် တွေ့ရှိရပါသည်။ 
နှလုံးသွေးကြော ပိတ်ပြီးသူများတွင် စိတ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းကို ဒွန်တွဲ၍ မကြာခဏ တွေ့ရတတ်ပါသည်။ ထို့အပြင် စိတ်ဓာတ်ကျခြင်းကို နာတာရှည် နှလုံးအားနည်းရောဂါ ( Chronic Heart Failure ) နှင့် အလိုအလျောက် နှလုံးနှိုးစက် တပ်ဆင်ထားတဲ့ လူနာရှင်များတွင် တွေ့ရှိရပါသည်။

လူနာများသည် ဆေးရုံသို့ မကြာခဏ ပြန်လည်တက်ရောက်ရခြင်း ရှိပါသည်။ နှလုံးခုန် ပုံမှန် မဟုတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ ဆက်လက်၍ ဖြစ်ပေါ်စေခြင်းတို့ကြောင့် နှလုံးဆရာဝန်များနှင့် ဆေးရုံ၊ ဆေးခန်း ပြင်ပလူနာဌာနတွင် မကြာခဏ လာရောက်ပြသရခြင်း ရှိပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ပါမောက္ခဦးတင်လတ် ( နှလုံးအထူးကုဆရာဝန်ကြီး )
နှလုံးသွေးကြောကျဉ်းနှင့် နှလုံးရောဂါ သိမှတ်စရာများ စာအုပ်မှ ကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18