Print

အိပ်ငွေ့ချခြင်း (Hypnosis)

  27-Feb-2017
Preview Image

အိပ်ငွေ့ချခြင်း (Hypnosis)
အိပ်ငွေ့ချခြင်းသည် စိတ်ကျန်းမာရေး ဆိုင်ရာ ကုထုံးတစ်ရပ်အဖြစ် ပါဝင်သည်။ အိပ်ငွေ့ချကုထုံးဖြင့် စိတ်ကျန်းမာရေး ယိုယွင်းသူများကို အကူအညီများစွာ ပေးနိုင် သည် ဖြစ်ပါသည်။ အိပ်ငွေ့ချခြင်းကို တချို့က Magic (မှော်အတတ်၊ မျက်လှည့်ပညာ) ဟု ထင်မှတ်မှားနေတတ်ကြသည်။ အိပ်ငွေ့ချခြင်း Hypnosis မှာ Magic တစ်ခု လုံးဝမဟုတ် ပါ။ အိပ်ငွေ့ချခြင်းသည် လူနာအား သင့်အပေါ် အာရုံစူးစိုက်မှု စုစည်းစေပြီး ယုံကြည်မှု ရရှိအောင် ပြုဆောင်ခြင်းသာဖြစ်သည်။ အိပ်ငွေ့ချခြင်းသည် လူနာ၏ အာရုံသိမှု၊ အာရုံ လက်ခံမှုကို ပြောင်းလဲပစ်နိုင်သည်။ ထိုမှတစ်ဆင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို ထိန်းချုပ်ပေးခြင်း ဖြစ်ပါသည်။

အိပ်ငွေ့ချခြင်းဖြင့် ခွဲစိတ်ကုသမှုများတွင် ဆေးဝါးပမာဏသုံးစွဲရမှုကို လျှော့ချပေးနိုင် သည်။ ခွဲစိတ်ပြီး လူနာများအား နာလန်ထမြန်အောင်လည်း စွမ်းဆောင်ပေးနိုင်သည်။ ရင်ကျပ်ပန်းနာ ဝေဒနာခံစားရသူများနှင့် အူလမ်းကြောင်းနှင့် ပတ်သက်သော လက္ခဏာစု ရှိသူ လူနာများအားလည်း အိပ်ငွေ့ချခြင်းကုထုံးဖြင့် ကုသပေး နိုင်ကြောင်း တွေ့ရသည်။ 

မလိုလားအပ်သော အပြုအမူများ (ဥပမာ - ဆေးလိပ်သောက်ခြင်း၊ ညအိပ်ရာ၌ ဆီးသွားခြင်း၊ လက်သည်းကိုက်သည့်အကျင့်၊ သွားကြိတ်ခြင်း၊ အကြောက်လွန်ဝေဒနာ၊ အစားအစာ အလွန်အကျွံစားသုံးခြင်း၊ အိပ်စက်မှုဆိုင်ရာ ပြဿနာများ) ကို ပြုပြင် ဖယ်ရှားရန်အတွက်လည်း အိပ်ငွေ့ချကုထုံးဖြင့် ကူညီပေးနိုင်သည်။ 

အိပ်ငွေ့ချကုထုံးကို စိတ်ကျန်းမာရေးဆိုင်ရာ ဆရာဝန်များနှင့် စိတ်ပညာရှင်များက ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနိုင်ကြသည် ဖြစ်ပါသည်။ အိပ်ငွေ့ချခြင်းသည် ဆေးပညာ အတွက် အရေးကြီးသော ကုထုံးပညာတစ်ရပ် ဖြစ်ပေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18