Print

ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့

  27-Feb-2017
Preview Image

ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့
ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လူအများစုဟာ စိတ်ပိုင်းဆိုင်ရာရောဂါရဲ့ 
သက်ရောက်မှုခံရလို့ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတဲ့ ဒါမှမဟုတ် 
သတ်သေဖို့ကြိုးစားကြတဲ့ သက်ကြီးပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်း စိတ်ရောဂါကြောင့်ဖြစ်ပြီး
စိတ်ရောဂါဖြစ်မှန်းလည်းမသိ၊ ကုသမှုလည်း မလုပ်ခဲ့ကြလို့ဖြစ်ပါတယ်။ ဖြစ်စဉ်အများစုမှာ အဲဒီလူတွေဟာ စိတ်ကျရောဂါဖြစ်နေကြတာတွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေ
ခြင်းနှင့် ဆက်စပ်တဲ့စိတ်ရောဂါအများစုဟာ စိတ်ကျရောဂါဖြစ်ပေမယ့် တချို့ကိုယ့်ကိုယ်
ကိုယ် သတ်သေမှုတွေကျတော့ စိတ်လိုက်မာန်ပါနှင့် အထမြောက်သွားကြတာပါ။ 

သူတို့ရဲ့ဘဝတွေကို သူတို့ဘာသာ အဆုံးသတ်သွားကြတဲ့ အတော်များများလူတွေဟာ သေချင်တဲ့ဆန္ဒက လှုံ့ဆော်လို့ဖြစ်တာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ နာကျင်မှုနဲ့ မချိတင်ဘဲ ဝေဒနာတွေကနေ လွတ်မြောက်ချင်ကြလို့ ဖြစ်သွားကြတာများပါတယ်။ ဒါကို နားလည်ထားဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့နာကျင်
မှုတွေနဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ ဒါမှမဟုတ် နိုင်နိုင်နှင်းနှင်း ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုနိုင်တဲ့ နည်းလမ်းကို ရွေးချယ်စရာမလိုဘဲ တခြားနည်းလမ်းတွေ ရှိနေသေးတယ်ဆိုတာ သူတို့သိအောင် လုပ်ပေးခွင့်ရနိုင်သေးလို့ဖြစ်ပါတယ်။

 

ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းကို အထောက်အကူပြုတဲ့ အချက်တွေ
• အိမ်ထောင်ပြိုကွဲခြင်း၊ ချစ်သံယောဇဉ်ပြဿနာများ
• ဆွေမျိုးရင်းချာဆုံးပါးလို့ ပူဆွေးသောကရောက်ခြင်း
• စိတ်ကျရောဂါ (ဒါမှမဟုတ် တခြားစိတ်ရောဂါတွေ)
• အလုပ်လက်မဲ့ဖြစ်ခြင်း
• ဘဏ္ဍာငွေကြေး ပြဿနာတွေ - ဘဏ္ဍာရေးအခြေအနေ ရုတ်တရက် အပြောင်းအလဲဖြစ်သွားခြင်း အပါအဝင်
• ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားခဲ့ဖူးခြင်း
• စိတ်ဖိစီးမှု၊ စိတ်သောကရောက်မှု၊ စိတ်ခံစားမှုဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းဖို့ရာ အရင်းအမြစ်တွေ ကုန်ခန်းသွားမှု အစရှိတဲ့ အခြေအနေတွေ ရေချိန်မြင့်တက်ခြင်း
• သေနတ်၊ ဆေးဝါး ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်သတ်သေမှု ကျူးလွန်နိုင်စရာ တခြားပစ္စည်းများကို အလွယ်တကူရနိုင်ခြင်း
• အရက်ကို မှီခိုနေရခြင်း၊ အရက်ကို အလွန်အကျွံသောက်သုံးခြင်း
• ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိနေခြင်း
• အထီးကျန်ခြင်း

 

ကိုယ့်ကိုယ်ကိုယ်သတ်သေမှု အန္တရာယ်လျော့ပါးနိုင်တယ်လို့ ယုံကြည်ရတဲ့အချက်တွေ
• မိသားစုသံယောဇဉ်
• ကလေးတွေနဲ့ တခြားလူတွေအပေါ်တာဝန်ရှိခြင်း
• နီးစပ်ရင်းနှီးသူ၊ မိတ်ဆွေတွေရှိခြင်း
• ဘဝရဲ့ အဓိပ္ပာယ်ရှိမှုနဲ့ ရည်ရွယ်ချက်ရှိမှုအပေါ် အာရုံထားခြင်း
• ဒဏ်ခံနိုင်ပြီး ပြဿနာဖြေရှင်းနိုင်စွမ်းရှိတဲ့ ပင်ကိုယ်အရည်အသွေးရှိခြင်း
• လူ့အဖွဲ့အစည်းနဲ့ လူမှုရေးလှုပ်ရှားမှုတွေမှာ အချိတ်အဆက်ရှိခြင်း
• စိတ်ကျန်းမာရေးကောင်းမွန်ခြင်း
• စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်လို့ အကူအညီရယူမယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုရှိထားခြင်း
• ကိုယ့်ကိုယ်ကိုယ်သတ်သေတာ မှားတယ်လို့ ခံယူထားခြင်း
• လက်နက်အလွယ်ကူမရနိုင်ခြင်း တို့ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အောင်အေး (ရန်ကုန်တက္ကသိုလ်)
သင်နှင့်သင့်မိသားစု စိတ်ကျန်းမာရေး ကိုင်တိုင်စောင့်ရှောက်ပါ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18