Print

ရုပ်မြင်သံကြား စွဲခြင်း

  27-Feb-2017
Preview Image

ရုပ်မြင်သံကြား စွဲခြင်း
ဤအဖြစ်မျိုးကို ရောဂါဟုခေါ်ချင်လျှင် ခေါ်နိုင်သည်။ အမည်ခံနာမအမျိုးမျိုး ပေး၍ လည်း တင်စားခေါ်ဝေါ်ကြသည်။ ထိုအမည်များအနက် လျှပ်စစ်ပလပ်ခေါင်းထိုးလျက် မူးယစ်စွဲခြင်း၊ အီလက်ထရွှန်နစ်နည်းဖြင့် ကလေးထိန်းပေးခြင်း စသည်ဖြင့် အကြောင်း ဆိုက်ရောက်သလို တင်စား၍ အမည်းပေးကြသည်။ ကျွန်တော်တို့နိုင်ငံမှာလည်း ကိုးရီးယားကား၊ တရုတ်ကား၊ ထိုင်းကား၊ စသည်တို့ စွဲကြည့်ကြသည်။ 

“လူတစ်ဦး ရုပ်မြင်သံကြားကို အချိန်ဘယ်လောက်ကြာကြာ ကြည့်တတ်သလဲ ဆိုတာကို တွက်ဆဖို့ဆိုရင် သူဟာ အိမ်မှာ ဘယ်လောက်ကြာကြာနေတတ်သလဲဆိုတာနဲ့ မှန်းလို့ရပါတယ်။ အမှန်အားဖြင့် ထိုစွဲကျင့်ပပျောက်ရန်မှာ အိမ်ပြင်တွင် ဆောင်ရွက်နိုင်သော အားကစားဖြစ်စေ၊ ဖျော်ဖြေရေးဖြစ်စေ ဝါသနာတစ်ခုခုကို လိုက်စားနိုင်သည်။ သို့သော် အိမ်မှာ ကလေးတွေ များနေလျှင်လည်း ထိုသို့ အချိန်ကြာမြင့်စွာ မကြည့်ကြရန် တားမြစ်ဖို့ ခက်သည်။ အောက်ပါနည်းလမ်းများမှာ ရုပ်မြင်သံကြားမှ မျက်နှာလွှဲခွာရေးအတွက် အကြံပေးချက်များဖြစ်သည်။

ကြိုတင်အစီအစဉ် လုပ်ပါ
***************************
ဖြစ်နိုင်လျှင် တစ်ပတ် အတွင်းပြသမည့် အစီအစဉ်များထဲမှ ရွေးချယ်၍ ဘယ်အစီအစဉ်ကို ကြည့်ကြမည်ဟု ညှိနှိုင်းစီစဉ်သင့်သည်။ ထိုအစီအစဉ်ကို ချမှတ်ရန် အိမ်သားများ သဘောတူမှု ရရန် လိုအပ်သည်။ အိမ်သား တစ်ဦးချင်းက မိမိကြိုက်ရာ အစီအစဉ်ကို နေ့စဉ်အချိန်တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် အကြံပြု၍ မှတ်သားရန်ဖြစ်သည်။ ထို့နောက် အိမ်သားအားလုံး သဘောတူသော အစီအစဉ်များကို စာရွက်ပေါ်တွင် မှတ်သားလျက် “ဘယ်သူမှ ကြားဖြတ်အစီအစဉ် မဝင်ရ” ဟု သတ်မှတ်ဖို့ဖြစ်သည်။ သဘောတူထားသည့် ထိုအစီအစဉ်ကို မပါဝင်သောအချိန်များ၌ စက်ကို ပိတ်ထားပါ။ 

 

အပတ်စဉ် အချိန်သတ်မှတ်သင့်
ရုပ်မြင်သံကြား ကြည့်ရှုချိန်ကို မိသားစုအတွင်း သတ်မှတ်သည့်အခါ အပတ် စဉ် ခြုံငုံ၍ ပြုလုပ်သင့်သည်။ မိသားစု တစ်ခုလုံးအတွက် တစ်ပတ်အတွင်း အချိန်နာရီ မည်မျှ ကြည့်ရှုသည်ကို သုံးသပ်ကြည့်ရန်ဖြစ်သည်။ ထိုသို့ သတ်မှတ်ထားသော အချိန်ကို တဖြည်းဖြည်းလျှော့ချပြီး သင့်လျော်သော အချိန်အတိုင်းအတာတစ်ခု အထိ သတ်မှန်ရန်ဖြစ်သည်။

 

မိသားစုအတူ ရှုစားသင့်
ရုပ်မြင်သံကြား ကြည့်ရှုချိန်ကို မိသားစုအတွင်း သတ်မှတ်ထားသည့်အခါ အပတ် စဉ် ခြုံငုံ၍ ပြုလုပ်သင့်သည်။ မိသားစုတစ်ခုလုံးအတွက် တစ်ပတ်အတွင်း အချိန်နာရီမည်မျှ ကြည့်ရှုသည်ကို သုံးသပ်ကြည့်ရန်ဖြစ်သည်။ ထိုသို့ သတ်မှတ်ထားသော အချိန်ကို တဖြည်းဖြည်းလျှော့ချပြီး သင့်လျော်သော အချိန်အတိုင်းအတာ တစ်ခုအထိ သတ်မှတ်ရန် ဖြစ်သည်။ 

 

မိသားစု အတူ ရှုစားသင့်
အိမ်မှာ မိသားစုနှင့်အတူ ရုပ်မြင်သံကြားရှုစားခြင်း သည်ကောင်း၏။ မိဘများက ကလေးများ တွေ့မြင်နေရသည့် အကြောင်းအရာများကို ရှင်းပြနိုင်သဖြင့် ပညာ ဗဟုသုတပေးရာလည်း ရောက်ပါသည်။ ထိုသို့ ကြည့်နေစဉ် သိလိုသည်ကို မေးခွန်း များထုတ်ခြင်း၊ တွေ့ရသည့် အကြောင်းအရာ ဇာတ်လမ်းအပေါ် သဘောထားပေး ရန် လေ့ကျင့်ခန်းကို ပြုလုပ်နိုင်သည်။ 

 

ကလေးများကို ကူလုပ်ခိုင်းပါ
ရုပ်မြင်သံကြားစက်ကို နေ့ကလေးထိန်း အဖြစ် ခိုင်းခြင်းထက် ကလေးများကို စားကာနီး၊ သောက်ကာနီး အငယ် အရွယ်ကလေးက အစ လက်သုတ်ပဝါချခြင်း စသော အလုပ်များကို လုပ်စေရန် ဖျောင်းဖျခိုင်းစေပြီး မိသားစုအတွက် တစ်စထက်တစ်စ တာဝန်ယူ၍ တတ်စေသင့်သည်။ 

 

စားရင်းကြည့်၊ ကြည့်ရင်းစားခြင်း
ရုပ်မြင်သံကြားစက် ဖွင့်လျှင် ရေခဲသေတ္တာကို ပိတ်ထားဖို့ အကြံပေးထားသည်။ အကြောင်းမှာ စားရင်းဝါးရင်း ကြည့်ရှုနေပြီး ထိုင်ရာမှ အထနည်းသောကြောင့်ဖြစ်သည်။ ကလေးများတွင်လည်း ထိုနည်းဖြင့် ဝတုတ်ကလေးများ ဖြစ်လာရသောအကြောင်းတွေ ပါဝင်သည်။ 

 

တီဗွီကိုကြည့်ချင်တိုင်း အလကား မရသင့်
အိမ်ရှိ ကလေးများအား ရုပ်မြင်သံကြား အစီအစဉ်တစ်ခုခုကို ကြည့်တော့မည် ဆိုလျှင်တော့ ကျောင်းက အိမ်စာကို လုပ်ပြီးမှ ကြည့်ဖို့ပြောရသော ကိစ္စမျိုး၊ သို့မဟုတ် စာကို ဖတ်ပြခိုင်းရမည်။ အိမ်အလုပ်အချို့ကို အရင်လုပ်ပေးရမည် စသည်ဖြင့် ချောမော့ ကြပ်မတ်ခိုင်းစေပြီးမှ ကြည့်ခွင့်ပေးလျှင် အကျိုးအများကြီး ရှိပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မောင်ဆုရှင် မြန်မာပြန်သည်
အိမ်တွင်းသမားတော် ဒုတိယတွဲ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18