Print

ဆိုးရွားစွာမေ့လျော့ပြီး သူငယ်ပြန်သည့်ရောဂါ (အယ်ဇိုင်းမားရောဂါ) ၏ ဦးစွာ...

  27-Feb-2017
Preview Image

ဆိုးရွားစွာမေ့လျော့ပြီး သူငယ်ပြန်သည့်ရောဂါ (အယ်ဇိုင်းမားရောဂါ) ၏ ဦးစွာပြသည့် လက္ခဏာ ၁၀ ချက်
(၁) မှတ်ဉာဏ်နည်းပါးလာခြင်း

အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်လျော့လာတာ သဘာဝပါ။ အသိအကျွမ်း တစ်ယောက်ရဲ့ နာမည်ကို အစဖော်မရမေပဲ့ နောက်မှာ ပြန်သတိရတတ်တာ ပုံမှန်ဖြစ် ပါတယ်။ ဒါပေမဲ့ မေ့တတ်တဲ့ ပြဿနာဟာ နေ့စဉ် လူနေမှုဘဝကို ဆိုးဆိုးရွားရွား ထိခိုက် လာရင်တော့ ဖော်ပြပါရောဂါရဲ့ ရှေးပြေးလက္ခဏာ ဖြစ်နိုင်ပါတယ်။ 

(၂) အစီအစဉ်တစ်ခု ပြုလုပ်ခြင်းနဲ့ ပြဿနာဖြေရှင်းခြင်းတွေမှာ အခက်အခဲကြုံတွေ့လာခြင်း

အသေးစိတ် ပြုလုပ်ရတဲ့ လုပ်စရာတွေကို အာရုံစိုက်ပြုလုပ်နိုင်ခြင်း မရှိတတ်တော့ ပါဘူး။ စားနေကျဟင်းကို ချက်ပြုတ်ရာမှာခဲရာခဲဆစ် ဖြစ်လာတတ်ပါတယ် ။အစီအစဉ်တွေ ပြုလုပ်ဖို့ အခက်အခဲ ဖြစ်လာတတ်ကြတယ်။ 

(၃) နေ့စဉ်လုပ်ငန်းများ ပြုလုပ်ရာမှာ ပုံမှန်မဟုတ်တော့ခြင်း

နေ့စဉ်လုပ်နေကျ အလုပ်များကိုပင် ပြုလုပ်ရတာ အဆင်မပြေ ဖြစ်လာတတ်တယ်။ သွားနေကျနေရာဆီ ကားမောင်းသွားရာမှာ ကမောက်ကမ ဖြစ်လာတတ်တယ်။ 

(၄) ရောက်ရှိရာနေရာနဲ့ အချိန်ကို မမှန်းဆနိုင်ခြင်း

လက်ရှိ ရှိနေတဲ့နေရာကို ဘယ်လိုရောက်လာမှန်း မသိဖြစ်လာတတ်တယ်။ ဘယ်နေရာ ရောက်နေမှန်းလည်းမသိ ဖြစ်တတ်တယ်။ အလွယ်တကူ လမ်းလျှောက် တတ်ကြတယ်။

(၅) အမြင်အာရုံ ပြောင်းလဲလာခြင်း

စာမျက်နှာပေါ်ရှိ စာလုံးများကို ဖတ်တဲ့အခါ နားလည်ဖို့ ခက်ခဲလာတတ်တယ် ။ မြင်ကွင်းအတွင်း အနီးအဝေး ခန့်မှန်းရာမှာ မသေမချာဖြစ်နေတတ်တယ်။ အရောင် အသွေး ခွဲခြားနိုင်မှု ပျက်ယွင်းလာတတ်တယ်။ 

(၆) ပြောစကားများ အားမလိုအားမရဖြစ်ခြင်း

ပြောလိုတဲ့ စကားလုံးတွေ ရွေးမရဖြစ်နေတတ်တယ်။ အသိမိတ်ဆွေ တစ်ယောက် ကို နာမည်မှားခေါ်တဲ့ အဖြစ်မျိုး ခဏခဏ ဖြစ်လာတတ်တယ်။ စကားပြောဆိုဖို့ အတော်လေး အာရုံစိုက်ရတတ်တယ်။ စကားတစ်ခွန်းကို ထပ်ခါထပ်ခါ ပြောလာတတ် တယ်။

(၇) ပစ္စည်းတွေထားတဲ့နေရာမမှတ်မိလို့ မကြာခဏပျောက်တတ်တယ်။ 

ပစ္စည်းတွေ ထားတဲ့နေရာ မမှတ်မိလို့ မကြာခဏ ရှာမရတာတွေ ဖြစ်တတ်တယ်။ ပစ္စည်းတွေကို ထားနေကျ မဟုတ်တဲ့နေရာမှာ ထားမိလာတတ်တယ်။ လက်ပတ်နာရီ ကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားမျိုးပါ။

(၈) ဆုံးဖြတ်ချက် ပျက်ယွင်းလာခြင်း

တဖြည်းဖြည်း ဆုံးဖြတ်ချက် အားနည်းချွတ်ယွင်းလာတတ်တယ်။ ငွေပေးငွေယူ ကိစ္စတွေမှာ အမှားအယွင်း ဖြစ်လာတတ်တယ်။ ငွေပေးရမယ့်လူ မဟုတ်ပေမယ့် လည်း ငွေပေးပစ်တတ်တယ်။

(၉) လူမှုရေးအသိုင်းအဝိုင်းမှ ရှောင်ဖယ်လာခြင်း

လုပ်ငန်းများ အချိန်မီ မပြီးစီးတာမျိုး ဖြစ်လာတတ်တယ်။ ဝါဿနာအပါဆုံး ကိစ္စတွေ မှာ ပါဝင်မှု အားနည်း လာတတ်တယ်။ ရုပ်မြင်သံကြား ကြည့်တာတွေအိပ်တာတွေ ပိုလုပ်လာတတ်တယ်။

(၁၀) စိတ်နေစိတ်ထား ပြောင်းလဲလာပြီး

အလွယ်တကူ စိတ်တိုတတ်တယ်။ ကြောက်ရွံ့တာ၊ စိုးရိမ်သောကများတာ၊ စိတ်ဓာတ် ကျတာတွေ ဖြစ်လာတတ်တယ်။ လူတွေအပေါ် သံသယ ကြီးထွားလာတတ် တယ်။ ဒီလက္ခဏာတွေ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုအပ်ပါတယ်။ ရောဂါ ကို စောစောသိလေ ဆေးကုသမှု ခံယူခြင်းဖြင့် အမှီခို ကင်းကင်းနဲ့နေထိုင်ရချိန် ပိုကြာလေ ဖြစ်နိုင်တဲ့အတွက်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမြင့်သန်း (သန္ဓေသား)
Health for all magazine, July 2016, No.114, Pg. 48-50

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18