Print

ရှုပ်နေတဲ့စိတ်ကို ပြန်လည် ပြင်ဆင်ပါ။

  27-Feb-2017
Preview Image

ရှုပ်နေတဲ့စိတ်ကို ပြန်လည် ပြင်ဆင်ပါ။
စိတ်တွေရှုပ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုပဲ ဖန်တီးနေကြလို့ပါ။ လူတကာရဲ့
ပါးစပ်ကို ဂရုစိုက်နေသမျှ သင့်ဘဝလည်း သူတို့နှုတ်ခမ်းဖျားထက်မှာ သေဆုံးသွားလိမ့်မယ်။

မှားတာပဲ လုပ်ခဲ့သည်ဖြစ်စေ၊ အမှန်တွေနဲ့ လွဲချော်ခဲ့တာဘဲဖြစ်ဖြစ်၊ ထိုအရာကို လုပ်ခဲ့တဲ့အချိန်မတိုင်ခင်ကတည်းက သင့်ဆုံးဖြတ်ချက်ကို သင်ချသုံးခဲ့တာဘဲ။

မှားလို့ လက်ညှိုးထိုး ခံရနေလို့လား။ ပုတ်ခတ်တာ ခံနေရပြီလား။ ဒါဆို သင် အရှုံး နဲ့ကြုံနေတာ သေချာပြီ။ ဒူးထောက်ပြီး လှဲချမပစ်လိုက်နဲ့။ လှည့်ထွက်ပြေးဖို့လား
လိုကိုမလိုဘူး။ အကူညီလား အခုချိန် မယူတာ အကောင်းဆုံးဘဲ။ ရှုံးလို့ငိုချင်ငိုလိုက်ဦး ။ရတယ်။ တစ်ရက်လား။ နှစ်ရက်လား။ တစ်လလား။ ဒါပေမယ့် သင် အရှုံးအတွက် ခံစား တဲ့ရက် ပိုကြာလေ သင့်ရဲ့ ပြန်လည်ပြင်ဆင်ကြိုးစားခွင့် အချိန် နဲ့ဝေးနေဦးမှာပါ ။ မြန်မြန် ကုစားနိုင်လေ သင့်အတွက် ပိုကောင်းလေပါ။

ဖိနှိပ်ခံရတိုင်း အံကြိတ်ပြီး မိမိရဲ့ပြန်လည်ပြင်ဆင်ရေး အလုပ်ကို အာရုံစိုက်လိုက်ပါ။
မိမိဘေးက အသံကို နားစွင့်လိုက်တာနဲ့ မလိုအပ်ဘဲ ဒေါသထွက်မယ်။ စိတ်ဒုက္ခတွေ ဖိစီးမယ်။ အလုပ်တွေ နှောင့်နှေးမယ်။ မလိုအပ်တဲ့ အရာတွေကို ခေါင်း ထဲ နေရာမပေးပါနဲ့။

မိမိကို စိတ်ညစ်စေတဲ့လူတစ်ချို့ကို ရှောင်နိုင်သမျှ ရှောင်ပါ။ မတတ်သာ၍ ဆက်ဆံရသည်ဆိုလျှင် စကားပြောဆို ဆင်ခြင်ပါ။ လိုတာထက် ပိုသတိထားကာ အမှားနည်း
စေခြင်းဖြင့် ပေါင်းသင်းဆက်ဆံပါ။

မိမိဘာသာ ဆုံးဖြတ်ချက်တစ်ခု ထပ်ချပါ။ အရင်တစ်ခါက ဘာအားနည်းချက်ကြောင့်
ကျရှုံးခဲ့တာလည်း ဆိုတာ မမေ့ပါနဲ့။

တွန်းပို့ခံရတိုင်း ၊ခြေထိုးခံရတိုင်း ဝမ်းနည်းဖို့မလိုဘူး။ စိတ်အားငယ်ဖို့လည်း မလိုဘူး။ အစမ်းသပ်ခံ ဆိုတာ တစ်ချိန်မှာ စက်များစွာရဲ့ ကုန်ကြမ်း ဖြစ်ခဲ့ပေမယ့် တစ်ချိန်ကျ ကုန်ချောအဖြစ် တံဆိပ်နဲ့လှပသစ်လွင်တတ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ပီတိ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18