Print

စိတ်ပူပင်သောကကို ဆေးဝါးမကုဘဲ ပျောက်ကင်းသက်သာစေတဲ့နည်းများ

  27-Feb-2017
Preview Image

စိတ်ပူပင်သောကကို ဆေးဝါးမကုဘဲ ပျောက်ကင်းသက်သာစေတဲ့နည်းများ

(က) ပညာဗဟုသုတတွေ လေ့လာသင်ယူပါ။

ကိုယ့်မှာ ပညာဗဟုသုတ တအားနည်းရင် တွေ့ရတဲ့အခက်အခဲနှင့် စိတ်ဖိအားကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ နားမလည်နိုင်ဘူး။ နည်းမှန်လမ်းမှန်နှင့်လည်း ကောင်းစွာ မတုံ့ပြန်ဘူး။ ဒါ့ကြောင့် ကိုယ်ခံအားတောင့်တင်းအောင် ပညာဗဟုသုတ များများရှာဖွေပြီး ကိုယ့်စိတ်မှာ ဘာဖြစ်နေလဲ၊ အခက်အခဲက ဘာတွေလဲ၊ ဖြေရှင်းလို့ရနိုင်တာတွေက ဘာတွေလဲ စသဖြင့် ခွဲခြမ်းစိတ်ဖြာတွေးတောကာ ပြဿနာကို အလွယ်တကူဖြေရှင်းနိုင် မှာဖြစ်တယ်။ ဆရာကြီး ပီမိုးနင်းရေးခဲ့သလိုပြောရရင် “စာဖတ်တတ်ပါလျက်နဲ့ ညစာ မဖတ်ဘဲ နေတဲ့သူဟာ ပြတင်းပေါက်ရှိရဲ့နဲ့ မဖွင့်ဘဲအမှောင်ချ ထားတဲ့အိမ်နဲ့တူနေ” ပါလိမ့်မယ် စာမဖတ်ရင် သူတစ်ပါးပြောတာယုံကြည့်၊ သူများခိုင်းတာလုပ်နဲ့ နည်းမှန် လမ်းမှန် မရောက်နိုင်ဘူး။

(ခ) စိတ်ပူပင်သောက အမှတ်မြှင့်ထားပါ။

မိမိစိတ်ကို တော်ရုံတန်ရုံ စိတ်သောကကို သတိမမူဘဲ အမှုမဲ့အမှတ်မဲ့ ထားနိုင်အောင် ကြိုးစားထားသင့်ပါတယ်။ ဘယ်လောက်လောက် ဆိုးရွားတဲ့စိတ်သောက
ရောက်မယ့် စဉ်းစားတွေးတော တော့မယ်ဆိုပြီး စိတ်သောကရောက်မယ့် အမှတ်အသား ကို စိတ်မှန်းနဲ့တိုးမြှင့်ထားပါ။ ဒီလောက်သောကများတော့ “ခွေးလို့ခုန်လို့၊ ဖုန်းမထဘူး” ဆိုတဲ့ စိတ်နဲ့ရဲရဲရင်ဆိုင်နိုင်အောင် စိတ်ကိုတင်းထားရပါမယ်။ 

(ဂ) စိတ်သောကခံစားရမယ့်အချိန် သတ်မှတ်ပါ။

တစ်နေ့တာရဲ့ ညနေ၊ ည၊ နေ့လယ် စသဖြင့် ဘယ်အချိန်မှာ ဘယ်နှစ်မိနစ်လောက် ပူပင်သောကအကြောင်း စဉ်းစားမယ်လို့ အတိအကျ မိမိဘာသာသတ်မှတ်ပြီး အဲဒီအချိန် မရောက်မချင်း ဒီကိစ္စကို မတွေးမိအောင်နေပါ။ အဲဒီလိုစိတ်ကို သေချာဆုံးဖြတ်ပြီး ဆုံးဖြတ် တဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာနိုင်ရင်စိတ်ညစ်ညူးမှုဒီဂရီက ထင်သလောက် မဆိုးတော့တာ အချိန်တစ်ခု ခြားသွားတဲ့အတွက် သောကဖိစီးမှုက ဖြစ်ကာစလောက် မပြင်းထန်ဆော့တော့တာတဖြည်းဖြည်း တွေ့လာပါလိမ့်မယ်။

(ဃ) မိမိကိုယ်ကိုယ် အားပေးပါ။

မိမိကိုယ်ကိုယ် ထောက်ခံအားပေးတဲ့စကားတွေကို သေချာပြောပေးပြီး auto suggestion ပြုလုပ်ပေးပါ။ ဥပမာ - “ငါတော်သည်၊ မည့ံပါဘူး။ ငါ့မိဘ၊ ငါ့မိသားစု၊ ငါ့မြို့၊ ငါရွာအတွက် ငါလုပ်ပေးနိုင်ပါသေးတယ်။ အကျိုးုပြုနိုင်သေးတယ်။” စသဖြင့် မိမိကိုယ်ကိုယ် မှန်ထဲစိုက်ကြည့်ပြီး အားပေးအားမြှောက်ပြုကြတဲ့ အတိုင်းပါပဲ။ ဒီနည်းအားဖြင့် စိတ်ဓာတ် ကျချင်ရင်တောင် မိမိကိုယ်ကို ထိန်းချုပ်နိုင်ပြီး စိတ်ဓာတ်ပြန်လည် တက်ကြွနိုးကြား လာနိုင် တယ်။ အခက်အခဲနဲ့ ပူပင်သောကကို စိတ်အေးလက်အေး ရင်ဆိုင်လာနိုင်ပါလိမ့်မယ်။ ဘယ်ကိစ္စမဆို ဘယ်အခက်အခဲမဆို ရင်ဆိုင်ရတာ ပထမတော့ ခက်ခဲနိုင်ပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်ရင် နောက်ပိုင်းမှယ သောကမပွေဘဲ (သို့) သောက မများလှဘဲ ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။

- အသက်ရှူလေ့ကျင့်ခန်း
- သွက်လက်လှုပ်ရှား အားကစားပြုလုပ်ပါ။
- ငြိမ်သက်စွာထိုင်ရင်း အနားယူပါ။
- ကျန်းမာရေးကောင်းအောင် နေထိုင်ပါ။
- ကိုယ့်ကိုယ်ကိုယ် အအားမနေဘဲ အချိန်ပြည့်ကောင်းတဲ့အလုပ်က နေရာယူပါစေ။
- စိတ်ပူပင်သောက လျှော့ချနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာနည်းလမ်းများ

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးမြချယ်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18