Print

ဒေါသကို ထိထိရောက်ရောက် စီမံခန့်ခွဲပြီး အသုံးချခြင်း

  27-Feb-2017
Preview Image

ဒေါသကို ထိထိရောက်ရောက် စီမံခန့်ခွဲပြီး အသုံးချခြင်း
ဒေါသဟာ အလွန်လျင်မြန်စွာ ဖွဲ့စည်းဖြစ်ပေါ်လာတတ်တယ် ဆိုပေမယ့် သတိရှိရင် ထိန်းချုပ်ထားလို့ ရပါတယ်။ ဒေါသ ဖြစ်ပြီဆိုတာနှင့် အလွန်အကျွံ တိုးပွားမသွားစေဘဲ ထိန်းထားလိုက်ဖို့ လိုပါတယ်။ ပြီးတော့မှ စဉ်းစားဉာဏ်က အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး ဆက်လက် လုပ်ကိုင်ဆောင်ရွက်ရပါမယ်။

ဒေါသ ဖြစ်လာရင် အရင်ဆုံး ဒေါသအရှိန် မြင့်တက်မသွားအောင် ထိန်းထားလိုက်ပါ။ ပြီးတော့မှ -

• အပြစ်တင်တာ၊ စွပ်စွဲတာတွေ မလုပ်ဘူးလို့ ဆုံးဖြတ်ပါ။

• ဖြစ်နိုင်ရင် ဒေါသဖြစ်တဲ့ နေရာကနေ ရှောင်ထွက်လိုက်ပါ။ တည်ငြိမ်သွားအောင် အချိန် တစ်ချိန်ယူပြီး ဘာဖြစ်ခဲ့တာလဲ၊ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားပါ။

• ဒေါသဖြစ်တဲ့ နေရာကနေ ရုတ်တရက် ချက်ချင်း ရှောင်ထွက်သွားလို့ မရဘူးဆိုရင် စိတ်ထဲကနေ ဒိုင်းတစ်ခုကို စိတ်ကူးလိုက်ပါ။ ‘စိတ်ဒိုင်း’ လို့ပဲ ဆိုကြပါစို့။ 
မိမိကို စော်ကားပြောဆိုနေတဲ့ စကားတွေကို အဲဒီစိတ်ဒိုင်းနဲ့ ကာထားလိုက်ပြီး အဲဒီ စကားတွေဟာ ပြောဆိုသူဆီ ပြန်လွင့်စဉ်သွားတယ်လို့ သတ်မှတ်လိုက်ပါ။ အခြေအနေနဲ့ ပြဿနာက ချက်ချင်း ဖြေရှင်းလို့ မရသေးရင် နောက်မှ ဖြေရှင်းမယ် လို့ ရွေ့ဆိုင်းလိုက်ပြီး ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို ရပ်ဆိုင်းပစ်လိုက်ပါ။

• အေးချမ်းတဲ့ တစ်နေရာဆီ ထွက်သွားပြီး အပန်းပြေအောင် အပန်းဖြေခြင်း နည်းနာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာရအောင် ကြိုးစားပါ။ အပန်းဖြေခြင်း နည်းနာတွေဟာ စိတ် ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးအတွက်ပါ အများကြီး အထောက်အကူပြုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အေးအောင် (ရန်ကုန်တက္ကသိုလ်)
သင်နှင့်သင့်မိသားစု စိတ်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်ပါ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18