Print

မိမိကိုယ်တိုင်စိတ်ချမ်းသာဖို့

  25-Feb-2017
Preview Image

လူတိုင်း စိတ်ချမ်းသာလိုကြမည်ဖြစ်သည်။ စိတ်ချမ်းသာလိုလျှင် စိတ်ချမ်းသာအောင် နေတတ်ဖို့ အရေးကြီးသည်။ စိတ်ချမ်းသာစေရန် အောက်ဖော်ပြပါ အချက်များကို လိုက်နာဆောင်ရွက်ကြပါဟု အကြံပေးလိုက်ပါရစေ။


• အသေးအမွှားးကိစ္စအတွက် စိတ်ညစ်မခံပါနှင့်၊ စိတ်ရှုပ်မခံပါနှင့်။ 


• မိမိကိုယ်မိမိ ချစ်တတ်ပါစေ။ မိမိကိုယ်မိမိ ချစ်တတ်မှ အခြားသူများကိုလည်း ချစ်တတ်ပါလိမ့်မည်။


• သင်ကိုယ်တိုင် ပျော်အောင်နေပါ။ သင်ပျော်မှသာလျှင် ပျော်ရွှင်တတ်သူများ သင့်ထံရောက်လာ ပါလိမ့်မည်။


• တစ်ခါတစ်ရံ ငြင်းပယ်ရန် အားမနာပါနှင့်။ စိတ်မပါဘဲ လိုက်နာဆောင်ရွက်ရခြင်းသည် စိတ်ချမ်းသာမှုအတွက် အနှောင့်အယှက်တစ်မျိုး ဖြစ်သည်။


• မိမိစွမ်းဆောင်နိုင်မှုကို အမှန်အတိုင်း သိပါစေ၊ သိအောင် ကြိုးစားထားပါ။


• မိမိအား နှိမ်ချပြောဆိုမှုမခံနိုင်ပါနှင့်။ ယင်းသို့ မဖြစ်အောင်လည်း ဂရုစိုက်ဆင်ခြင်နေထိုင်ပါ။


• တစ်ပတ်လျှင် တစ်ကြိမ် မိမိအနှစ်သက်ဆုံး၊ ကျေနပ်မှုအရှိဆုံး၊ ပျော်ရွှင်စရာအဖြစ်ဆုံး လုပ်ရပ်တစ်ခု လုပ်ဆောင်ပါ။


• တစ်စုံတစ်ရာ အဆိုးတစ်ခုဖြစ်လျှင်၊ ကြုံတွေ့ရလျှင် အကောင်းဘက်ကရှုမြင်တတ်အောင် ကြိုးစားပါ။


• မိမိခံစားချက်ကို ဖော်ထုတ်ပါ။ အတင်းအကြပ် မျိုသိပ်မထားပါနှင့်။


• မသေချာမှုအတွက် မဆုံးဖြတ်ပါနှင့်။ မသုံးသပ်ပါနှင့်။ ဆုံးဖြတ်ချက်ချရာ၌ တိကျသေချာမှု ရှိပါစေ။


• လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ပါ။ လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်သင့်သည်။

 

Healthcare.com.mm

Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18