Print

Schizophrenia ဆိုတာဘာလဲ

  25-Feb-2017
Preview Image

ကျား၊ မ မရွေး၊ အသက်ကြီးငယ်မရွေး ဖြစ်တတ်တဲ့ရောဂါပါ။ ဒါပေမယ့် အပျိုဖော် မဝင်ခင်၊ လူပျိုမဖြစ်ခင် ရောဂါအဖြစ်နည်းပါတယ်။ Schizophrenia လို့ သတ်မှတ်နိုင်မယ့် ရောဂါလက္ခဏာတွေကို ဂျာမန်ဆရာဝန် ရှနိုက်ဒါက First rank symptomsတွေဆိုပြီး အောက်ပါအတိုင်း သတ်မှတ်ပေးခဲ့ပါတယ်။ 

 

- နားထဲမှာ အသံတွေကြားယောင် နေတတ်ပါတယ်။ 
- Hallucination ရတတ်ပါတယ်။ 
- တစ်စုံတစ်ယောက်က သူ့ကိုလာပြီး အမိန့်ပေးခိုင်းစေ နေသလိုမျိုး တစ်ခုခုလုပ်ဖို့ အကြံပေး တိုက်တွန်းနေသလိုမျိုး အသံတွေ ကြားနေရတတ်ပါတယ်။ 
- တွေးဆပုံ မူမမှန်ဖြစ်နေတတ်တယ်။ သာမန် တွေးရိုးတွေးစဉ်အတိုင်း မစဉ်းစားဘဲ ယုံကြည်ချက်အမှားတွေ ဖြစ်တတ်တယ်။ 
- ထင်ယောင်ထင်မှားတွေ ဖြစ်တတ်တယ်။ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အတွေးအခေါ်တိမ်းမှောက်ခြင်းတွေဟာ သာမန်ထက်ပိုတယ်။ 
- သူတို့ရဲ့ စိတ်ခံစားချက်၊ အတွေးအခေါ်၊ အပြုအမူတွေကို တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတယ်လို့ ယုံကြည်တတ်ကြတယ်။ 

 

Schizophrenia တစ်ယောက်ရဲ့ ဘဝကိုကြည့်ချင်ရင် A Beautiful Mind ဆိုတဲ့ ရုပ်ရှင်ကားကိုကြည့်ပါ။ သိပ္ပံပညာရှင် John Nash တစ်ယောက် Schizophrenia ရောဂါနဲ့ လုံးထွေးသတ်ပုတ်ရင်း နိုဘယ်လ်ဆုရယူသွားနိုင်တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ပါတယ်။ 

 

Healhcare.com.mm

Ref:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18