Print

တစ်ပါးသူကို ချစ်တော့မယ်ဆိုရင် မိမိကိုယ်ကို အရင်ချစ်မြတ်နိုးတတ်ပါစေ...

  25-Feb-2017
Preview Image

ဆက်ဆံရေးတစ်ခုမှာ ကိုယ့်ကိုယ်ကို မြတ်နိုးတတ်ခြင်းဟာ မိမိရဲ့ အဖော်ကို ချစ်သလောက်ကို အရေးကြီးပါတယ်။ သင့်အဖော်က သင့်ရဲ့တန်ဖိုး၊ နှစ်လိုဖွယ်ကောင်းခြင်းနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း ဆိုတာတွေကို ဒီဆက်ဆံရေးတစ်ခုရဲ့အကောင်းဆုံးသော လက်ဆောင်တွေအဖြစ်မြင်မှာမို့လို့ သင်ကိုယ်တိုင် ဒီကိုယ်ပိုင် အရည်အသွေးတွေကို ကိုယ်တိုင်မြင်တတ်ဖို့ လိုပါတယ်။ သင့် အချစ်ခရီးလမ်း ဖြောင့်ဖြူးဖို့အတွက် အခုဖေါ်ပြမယ့် အချက်၃ ချက် ကို စွဲမြဲစွာ လက်ခံကျင့်သုံးဖို့လိုပါတယ်။

 

၁။ လူတိုင်းကို ကျေနပ်အောင်ထားဖို့၊ အများသဘောကျ ဖြစ်စေဖို့အတွက်လိုက်မကြိုးစားပါနဲ့။ မိမိစွမ်းဆောင်နိုင်စွမ်းအပေါ်အတိုင်းအတာတစ်ခုအထိ ရိုးသားဖို့လိုအပ်သလို တခြားလူတွေအတွက် သင့်ကိုယ်သင်အရမ်း အပင်ပန်းမခံပါနဲ့။

 

၂။ အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါ။ သင့်ကိုနာကျင်စေတဲ့လူတွေကို ခွင့်လွှတ်ပေးနိုင်ဖို့ ကြိုးစားပါ။ ဒေါသနဲ့ မနာလိုမှုတွေက သင့်အတွက်အဆိပ်သာဖြစ်နိုင်တာမို့ မေ့ထားပြီးရှေ့ဆက်လိုက်ပါ။

 

၃။ တက်တက်ကြွကြွနေပါ။ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ ပျော်ရွှင်တဲ့ခံစားမှုကို ဖြစ်ပေါ်စေတဲ့ ဓါတ်တစ်မျိုးကို ဦးနှောက်ထဲကနေ ပုံမှန်ထုတ်လွှတ်ပေးနေစေဖို့ အထောက်အကူပြု ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင်လည်း ပျော်ရွှင်တယ်လို့ ခံစားနေရမှာဖြစ်ပြီး၊ လူရော စိတ်ပါ ကျန်းမာနေခြင်းဟာ သင့်စိတ်မှာ အပြုသဘောဆောင်တဲ့ ခံစားချက်ကောင်းတွေ ရလာနိုင်စေပါတယ်။

 

Healthcare.com.mm

Ref: Lydia
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18