Print

စိတ်ဓာတ်ကျမှုကို ကျော်လွှားဖို့နည်းလမ်းအချို့

  25-Feb-2017
Preview Image

လူတွေစိတ်ဓာတ်ကျနေတဲ့အခါ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်အာရုံတွေပြန့်ကျဲပြီးငေးမှိုင်နေတတ်တဲ့ သဘာဝရှိတတ်ကြပါတယ်။ လူအများနဲ့ ပြောချင်စိတ်လည်းကုန်ခမ်းကာ တစ်ယောက်တည်း သီးသန့်ခံစားနေတတ်တာလည်းရှိပါတယ်။စိတ်ဓာတ်ကျမှုဟာ ရောဂါဆိုးတစ်ခုကို ခံစားရသလိုမျိုး ဖြစ်ပြီး စိတ်ရော ကိုယ်ပါ ပင်ပန်းစေကာ လုပ်ငန်းခွင်မှာပါ အဆင်မပြေမှုတွေကြုံတွေ့ရတတ်ပါတယ်။

 

ဒါကြောင့်စိတ်ဓာတ်ကျမှုကို ဖြေရှင်းကျော်လွှားပြီး ပြန်လည်အင်အားမွေးနိုင်ဖို့အောက်ဖော်ပြပါ နည်းလမ်း အချို့က အထောက်အကူပြုနို်င်လိမ့်မယ်လို့ ထင်ပါတယ်။ WHO က စာရင်းပြုစုပြီး ဖော်ပြထားတာကတော့ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ လူတွေ 15%လောက်ဟာ သူတို့ရဲ့ နေထိုင်ရာဘဝကာလတစ်လျောက်မှာ မမျော်လင့်ဘဲ စိတ်အားညှိုးငယ်မှုတွေခံစားတတ်ကြရတယ်လို့ပြောဆိုထားပါတယ်။

 

(၁) ပရဟိတအလုပ်တစ်ခုကိုလုပ်လိုက်ပါ။

လူ့လောကမှာမိမိထက် ဒုက္ခရောက်နေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ အရင်ဆုုံးခံစားနားလည်လိုက်ပါ။ပြီးတော့ တကယ်လိုအပ်မှုရှိနေတဲ့နေရာတစ်ခုခုကိုသွားပြီး နှလုံးသားအပြည့်နဲ့မိမိတတ်နိုင်တဲ့ ကူညီဆောင်ရွက်မှုတွေပေးလိုက်ပါ။ပရဟိတ လုပ်တယ်ဆိုတာကလဲကုသိုလ်ပြုတဲ့နည်းတစ်ခုပါပဲ။ အဲဒီလိုလုပ်နေတဲ့ကာလမှာပဲစိတ်ကျေနပ်မှုကိုရရှိပြီးရှေ့ဆက်ဖို့အားအင်တွေလဲရရှိစေမှာဖြစ်ပါတယ်။

 

(၂) မိတ်ဆွေအပေါင်းအသင်းနဲ့ စကားပြောဆိုပါ။

စိတ်ဓာတ်ကျနေတဲ့အခါ တစ်ယောက်တည်းမနေဘဲ ခင်မင်တဲ့မိတ်ဆွေ၊ သူငယ်ချင်းတွနဲ့ ပွင့်ပွင်းလင်း လင်း ပြောဆိုနေထိုင်ခြင်းဟာလည်း စိတ်ကိုပေါ့ပါးသက်သာစေပြီး စိတ်ဓာတ်ကျတာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဆီမှ နှစ်သိမ့်အားပေးမှုတွေ၊ အကြံဉာဏ်တွေရရှိပြီး မိမိစိတ်ကို ပြန်လည်တည်ဆောက်မယ့်ခွန်အားတွေ ရရှိနိုင်ပါတယ်။

 

(၃) လမ်းလျောက်ပါ။

လမ်းလျောက်တာဟာ စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ ဒါဟာ ပေါ့ပေါ့ပါးပါးလေး နဲ့လေ့ကျင့်ခန်းလုပ် တာဖြစ်ပြီးဦးနှောက်အတွင်းကို အောက်ဆီဂျင်များများရောက်ရှိစေတဲ့အတွက်ခေါင်းကိုကြည်လင်စေပြီး စိတ်ကိုလန်းဆန်းစေပါတယ်။

 

(၄) အကောင်းအဆိုးကို ခွဲခြားသိမြင်အောင်ကြိုးစားပါ။

ဘယ်အကြောင်းအရာအပေါ် စိတ်ဓာတ်ကျနေရသလဲဆိုတာ မိမိကိုယ်မိမိ ခွဲခြားသိမြင်အောင်ကြိုးစားပါ။ မကောင်းမြင်ဝါဒက အကျိုး ဆုတ်ယုတ်စေရုံမက ကျဆုံးမှု ကို ဖြစ်စေတတ်ပါတယ်။ အကောင်းမြင်ဝါဒ ကတော့ စိတ်ဓာတ်ကို အင်အားဖြစ်စေသလိုနွေးနွေးထွေးထွေးနဲ့ ယုံကြည်မှုရစေတာကြောင့် စိတ်လုံခြုံမှုဖြစ်စေပါတယ်။ဒါကြောင့် မကောင်းတဲ့ အမြင်ဝါဒတွေ ကို စာရင်းပြုစုပြီး တတ်နိုင်သလောက် အမြစ်ဖြတ်ချပါ။ အပြုသ ဘောဆောင်တဲ့အကောင်းမြင်ဝါဒတွေကို လည်း စာရင်းပြုစုပြီး ဘဝခရီးလမ်းအတွက် အင်အားတစ်ရပ် အဖြစ်အသုံးချပါ။ ဒီလိုနဲ့ မိမိရဲ့ စိတ်ဓာတ်အင်အား ကို ပြန်လည် ရယူထိန်းသိမ်းနိုင်ပါတယ်။

 

(၅) တရားထိုင်ပါ။

နေ့စဉ်ပုံမှန် မိမိတတ်နိုင်သလောက် မိနစ်အနည်းငယ်ပေးပြီး တရားထိုင်တာဟာတစ်နေ့တာလုံးအတွက် စိတ်ကိုကြည်လင်စေပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။တရားထိုင်တဲ့အခါ လေကို ပြင်းပြင်း ရှုလိုက်သွင်းလိုက်လုပ်ရတာဖြစ်ပြီး အကျိုးဆက်အနေနဲ့ ခန္ဓာအတွင်းသိုလှောင်ထားတဲ့ သွေးတွေကို ဦးနှောက်ဆီအပြည့်အဝရောက်ရှိစေပြီး အာရုံကြောစနစ်ကို ငြိမ်သက်စေပါတယ်။ဒါ့ကြောင့် စိတ်ငြိမ် သက်ခြင်းဆိုတာ
ဖြစ်ပေါ်လာရခြင်းဘဲဖြစ်ပါတယ်။စိတ်ငြိမ်သက်လာတဲ့အခါ အကျိုးအကြောင်းကို မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်ပြီး မိမိကိုယ်မိမိ ပြန်လည် ထူထောင်လာနိုင်မှာဖြစ်ပါတယ်။

 

Healthcare.com.mm

Ref:သုတဇုန်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18