Print

ထိုးပြီးသားဆေးမင် ပြန်ဖျက်ခြင်း

  27-Feb-2017
Preview Image

ဆေးမင်တွေကို လေဆာနဲ့ ပြန်ဖျက်နိုင်နေပြီဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အကုန်မပျက်တာ၊ ဒဏ်ရာကျန်တာ၊ လေဆာကြောင့် အရေပြားမှာ အဖြူကွက်တွေ ကျန်ခဲ့တာစတာတွေ ခံစားရနိုင်လို့ ဆေးမင်တစ်ခု ထိုးခါနီး သေသေချာချာ စဉ်းစားဆုံးဖြတ်ဖို့ အထူးလိုအပ်ပါတယ်။ အနက်ရောင်၊ အပြာရောင်မင်နဲ့ ထိုးထားတာတွေက ဖျက်ရလွယ်ပေမယ့် ရောင်စုံဆေးမင်တွေက ပိုခက်ကြပါတယ်။ 

 

ဆေးမင်ဖျက်တဲ့ နည်းတွေမှာ လေဆာမပေါ်ခင်က အရေပြားကို လှီးဖြတ်ခြင်း၊ မာကြမ်းတဲ့အရာနဲ့ ပွတ်တိုက်ခြင်း စတဲ့နည်းတွေနဲ့ ဖျက်ကြပါတယ်။ လေဆာကတော့ ဒါတွေထက်စာရင် အန္တရာယ်ကင်းပါတယ်။ 

 

အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့က သတိပေးချက် ထုတ်ပြန်ထားတာက ဆေးမင်ဖျက်ချင်ရင် ဆေးမင်ထိုးသူနဲ့မဖျက်ပါနှင့်။ကိုယ်တိုင်ဖျက်လို့ရတယ်ဆိုတဲ့ ဆေးတွေလည်း မသုံးပါနဲ့။ အဲဒီဆေးတွေမှာ အရေပြားကို လောင်စားစေတဲ့ အက်ဆစ်အပြင်းစားတွေပါလို့ လုံးဝမသုံးသင့်ပါဘူး။ ဆရာဝန်ဆီပဲသွားပါလို့ ထုတ်ပြန်ထားပါတယ်။ သူတို့နိုင်ငံမှာ တက်တူးယဉ်ကျေးမှုက အမြစ်တွယ်ပျံ့နှံနေပြီမို့ တက်တူးဖျက်တဲ့ ဆေးခန်းတွေ သီးသန့်ရှိနေကြပါတယ်။

 

ဆေးမင်ဖျက်ခြင်း၏ နောက်ဆက်တွဲများ
ဆေးမင်ရဲ့ ရောင်ခြယ်ပစ္စည်းတွေကို ဖျက်ပစ်တဲ့ လေဆာရောင်ခြည်ကြောင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ လေဆာကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ခြင်းကဆေးမင်ထိုးလို့ဖြစ်တဲ့ ဓာတ်မတည့်ခြင်းလောက်တော့ မပြင်းထန်လို့ သေချာကုသရင်တော့ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။
နောက်ပြဿ နာတစ်ခုက အမာရွတ် ကျန်တတ်တာဖြစ်ပါတယ်။ ဆေးမင်တိုင်း ရာနှုန်းပြည့် ချို့ယွင်းချက်ကင်းစွာ မပျောက်နိုင်ပါဘူး။

 

ယာယီဆေးမင်များ
Henna ခေါ် ဆံပင်ဆိုးဆေးကနေ အခြေခံပြီး တီထွင်ထားတဲ့ ဆေးမင်ဟာ ထာဝရဆေးမင်ရဲ့ ခေတ်စားလာသော မူကွဲတစ်ခု ဖြစ်လာနေပါပြီ။ ဒါပေမဲ့ ဒီဆေးမင်မျိုးတောင် ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါသေးတယ်။ အထူးသဖြင့် ယာယီဆေးမင်ရဲ့ အနက်ရောင်မင်ဟာ ကတ္တရာကျောက်မီးသွေး ကနေထုတ်ထားတာမို့ သူ့ကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ခြင်းက အတော်လေး ပြင်းထန်ပါတယ်။ ဒါကြောင့် ယာယီဆေးမင်မှာ အနက်ရောင်၊ အပြာရောင်တို့ကို သတိထားသင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဆက်ပိုင်လင်းခန့် (ဆေး-၂)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18