Print

အကြောပြတ်အမှတ်အသားတွေ သဘာဝနည်းသုံးဖယ်ရှားခြင်း

  27-Feb-2017
Preview Image

ပထမပေါ်လာစက ထူထဲတဲ့ မရမ်းရောင် (သို့) အနီရောင် အစင်းအဖြစ် ပေါ် လာပြီး နောက်ပိုင်းမှာ မှိန်မှိန်လာပြီး အဖြူလိုလို၊ ငွေရောင်လိုလို အရောင်ဖျော့လာတယ်။ ဒါပေမဲ့ သူ့ဟာသူ နဂိုအသားရောင်အဖြစ် ပြန်ကောင်းလာတာက ရှားပါတယ်။ တချို့ဆို ပျောက်ချင်ဇောနဲ့ စျေးကြီးတဲ့ လိမ်းဆေးတွေ ဝယ်လိမ်းကြပေမယ့် ရလဒ်ကကောင်းချင်မှကောင်းတာပါ။ အဲဒီတော့ အကုန်အကျ မများတဲ့ အောက်ပါသဘာဝနည်းလမ်းတွေသုံးပြီး အကြောပြတ်တာ သက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။ 

 

(၁) သံပရာရည်နှင့် ပွတ်တိုက်ခြင်း

လတ်ဆတ်အရည်ရွှမ်းတဲ့ သံပရာသီးတစ်ခြမ်းနဲ့ အကြောပြတ်တဲ့နေရာ အနှံ့ ဖြည်းညင်းစွာ ပွတ်တိုက်ပေးပါ။ အသားထဲ စိမ့်ဝင်တဲ့အထိ ၁၀ မိနစ်ကြာအောင် ပွတ်တိုက်ပေးပါ။ ၁၀ မိနစ်ပြည့်တဲ့ အခါ ရေခပ်နွေးနွေးနဲ့ အသာပွတ်တိုက်ပေးပါ။ အသားထဲ စိမ့်ဝင်တဲ့အထိ ၁၀ မိနစ်ကြာအောင် ပွတ်တိုက်ပေးပါ။ ၁၀ မိနစ်ပြည့်တဲ့အခါ ရေဖြင့်သန့်စင်ပေးရင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် လာပါလိမ့်မယ်။ သံပရာရည်နဲ့အတူ ခရမ်းချဉ်သီးရည် (သို့) အာလူးအရည် (သို့) သခွားသီးအရည် တစ်မျိုးမျိုးကိုတစ်ဇွန်းစီ ဆတူရောပြီး အထက်ပါအတိုင်း အသုံးပြု၍ရပါတယ်။ ရက်သတ္တပတ်အကြာမှာ မှိန်မှိန်လာတာ တွေ့ရပြီး မပျောက်မချင်း နေ့တိုင်းဆက်ပြုလုပ်ပေးသင့်တယ်။

 

(၂) နေ့စဉ်ရေအလုံအလောက်သောက်ပေးပါ 

အရေပြားမှာ ရေဓာတ်မပြည့်ဝရင်လည်း အကြောပြတ်တာတွေက ဘယ်လိုကုကု တော်တော်နဲ့ မပျောက်ကင်းဘူး။ ဒါကြောင့် ရေနေ့စဉ်ဖန်ခွက် ၈ ခွက်၊ ၁၀ ခွက် သောက်ပေးသင့်တယ်။ အနည်းဆုံး ၂-၃လီတာ သောက်ဖြစ် ပါစေ။ ရေများများသောက်မှသာ အရေပြားလည်း တင်းတင်းရင်းရင်းရှိပြီး ကိုယ်ခနွာက အညစ်အကြေးတွေလည်း အပြင်သို့ ကောင်းစွာစွန့်ပစ်နိုင်မှာဖြစ်တယ်။

 

(၃) မက်မန်းသီး (သို့) တရုတ်ဆီးသီးနဲ့ ကပ်ခွာပြုလုပ်ကာ ကပ်ခြင်း

အထက်ပါအသီးနှင့် ပြုလုပ်ထားတဲ့ ကပ်ခွာကို အကြောပြတ်တဲ့ နေရာတွေပေါ်နေ့စဉ်ကပ်ပေးရင် တစ်လနဲ့ တစ်လကျော်ကျော်လောက်မှာ အကြောပြတ်တာတွေ သက်သာပျောက်ကင်းလာပါလိမ့်မယ်။ လိုအပ်တာတွေက တရုတ်ဆီးသီး သုံးလုံးနဲ့ ဆေးကြောပစ်ဖို့ ရေကြက်သီးနွေး အနေတော်ပမာဏပဲ လိုပါတယ်။

 

ပြုလုပ်နည်း
တရုတ်ဆီးသီးကို လှီးဖြတ်ပြီး အစေ့တွေ ဖယ်ရှားပစ်ပါ။ အနှစ်ရအောင် ခြေမွပြီး အကြောပြတ်နေရာတွေပေါ် ဖြန့်ပြီး လိမ်းကျံထားပါ။ မိနစ် ၂၀ လောက်ကြာ ပြီးမှ ရေကြက်သီးနွေးနဲ့ ဆေးကြောပစ်ပါ။ တစ်နေ့ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် လုပ်ပေးရင် တစ်လလောက်ကြာတော့ အဖြူစင်းတွေ အတော်လျော့ပါးသွားပါလိမ့်မယ်။ မပျောက်မချင်း နေ့စဉ်ပြုလုပ်ပေးရုံပါပဲ။

 

အထက်ပါနည်းတွေက ပြုလုပ်ရတာ မခက်ခဲသလို ဘေးထွက်ဆိုးကျိုးလည်းမရှိပါဘူး။ စိတ်ရှည်လက်ရှည် အချိန်ယူပြုလုပ်ဖို့သာလိုအပ်ပါတယ်။ အကြောပြတ်တာတွေ မဖြစ်အောင် အတတ်နိုင်ဆုံး အကြောပြတ်နည်းအောင်လည်း ပြုလုပ်လို့ရပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာမြချယ်ရီ
Ziwaka magazine, May 016, Pg. 75

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18